ဗဟိုအလုပ်အမှုဆောင် ဦးသူရိန်ဇော် ဆရာတော်များအား သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် (စီးပွားရေးရာကော်မတီတာဝန်ခံ) ဦးသူရိန်ဇော် သည် အောက်တိုဘာ (၂၃) ရက်နှင့် (၂၄) ရက်နေ့များတွင် ကော့ကရိတ်မြို့နယ်ပေါ်ရှိ မြို့မကျောင်း၊ မင်္ဂလာဇေယျံကျောင်း၊ ကျုံဒိုးမြို့ပေါ်ရှိ ဓမ္မသူခကျောင်း၊ တောင်ပေါ်ကျောင်း၊ ရန်ကုတ်၊ နောင်ဟင်၊ ကော့ပလံ၊ ၀ဲကင်းအံ၊ နောင်လီကျေးရွာများမှ ဆရာတော်ကြီးများအား ဖူးမြော်ကြည်ညို၍ သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပါသည်။

14883408_1873853369502441_8095841387245455130_o

ထို့ပြင် နောင်တမံဘုန်တော်ကြီးသင် ပညာရေးကျောင်း၊ ကော့ပလံဘုန်းတော်ကြီးသင် ပညာရေးကျောင်းများသို့ သွားရောက်၍ ဆန်အိတ်နှင့် အလှူငွေများ လှူဒါန်းကာ ကရင်ပြည်နယ်နေ့တွင် ၀င်ရောက်ယှဉ်ပြိုင်မည့် မြ၀တီ မြို့နယ်ကိုယ်စားပြု ကရင်ဒုံးယိမ်းအဖွဲ့၊ ကော့ပလံဘုန်းတော်ကြီးသင်ပညာရေးကျောင်း ကရင်ဒုံးအဖွဲ့တို့အား သွားရောက်ကြည့်ရှုအားပေးပြီး အလှူငွေများ အသီးသီး လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

 


Leave a Reply