ပြည်နယ်ပါတီဥက္ကဋ္ဌနှင့်ခရိုင်၊မြို့နယ်နှင့်ရပ်ကွက်/ကျေးရွာ ပါတီကော်မတီများနှင့် တွေ့ဆုံ၊လမ်းညွှန်

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင်၊ ကချင်ပြည်နယ်ပါတီဥက္ကဋ္ဌ ဦးရားဝမ်ဂျုံနှင့် မြစ်ကြီးနားခရိုင်၊ မြို့နယ်၊ ရပ်ကွက်၊ကျေးရွာ ပါတီကော်မတီများ တွေ့ဆုံပွဲကို အောက်တိုဘာ (၂၆) ရက် နေ့လည်(၁)နာရီတွင် မြို့နယ်ပါတီရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

14650275_335278110181251_5416952490099016597_n

တွေ့ဆုံပွဲတွင် ပြည်နယ်ပါတီဥက္ကဋ္ဌက လမ်းညွှန်မှာကြားရာ၌ ပါတီအဆင့်ဆင့်ကို ပါတီတွင်း ဒီမိုကရေစီစနစ်ဖြင့် ရွေးချယ်ခြင်းဆိုင်ရာများ ဆောင်ရွက်ပြီးဖြစ်၍ ဒုတိယအကြိမ်ပါတီညီလာခံ (၂၀၁၆)ကျင်းပပြုလုပ်ကာ ရှေ့လုပ်ငန်း စဉ်များချမှတ်ခဲ့ပြီးဖြစ်ကြောင်း၊ ယင်းရှေ့လုပ်ငန်းစဉ်များ အောင်မြင်အောင် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊
ယင်းသို့ဆောင်ရွက်ရာတွင် တစ်ဦးတစ်ယောက်ကောင်း အခြေပြုလျှက် စည်းလုံးညီညွတ်စွာဖြင့် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ဒါ့အပြင် ဖွဲ့စည်းမှု ကျစ်လျစ်ခိုင်မာစွာဖြင့် ပြည်သူများနှင့် မပြတ်ထိတွေ့လျှက် ပြည်သူ့အကျိုး သည်ပိုးထမ်းရွက်သွားကြရမည်ဖြစ်ကြောင်း၊ ပါတီရေးရာ၊ ဌာန၊ အလွှာအလိုက် ကိုယ်စီတာဝန်ယူ ဆောင်ရွက်သွားကြရန်လိုကြောင်း လမ်းညွှန်မှာကြားပါသည်။

ထိုနောက် မြို့နယ်ပါတီဥက္ကဋ္ဌ ဦးညွန့်ဝင်းက မြို့နယ်၏ စည်းရုံးရေး၊ ဖွဲ့စည်းရေးနှင့် ရှေ့လုပ်ငန်းစဉ်များတင်ပြ ဆွေးနွေးခဲ့ရာ ပြည်နယ်ဥက္ကဋ္ဌက လိုအပ်သည်များ လမ်းညွှန်မှုပြုခဲ့သည်။

တွေ့ဆုံပွဲသို့ ပြည်နယ်ပါတီကော်မတီဝင်များ၊ ခရိုင်၊ မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်ကွက်၊ကျေးရွာ ကော်မတီဝင် များတက်ရောက်ခဲ့ကြကြောင်း သိရသည်။

Nyunt Win


Leave a Reply