ပြည်နယ်ပါတီကော်မတီဝင် မိုင်းကိုးအုပ်စုနှင့် တာလေမြို့မှ ပါတီခေါင်းဆောင်များနှင့် ကွင်းဆင်းတွေ့ဆုံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် ရှမ်း(အရှေ့) ပြည်နယ်ကော်မတီဝင် ဦးဝီလ်ဆင်မိုး သည် တာချီလိတ်ခရိုင်ပါတီဥက္ကဌ ဦးဘိုစံ၊ ခရိုင်ပါတီအတွင်းရေးမှူး ဦးချမ်းမြ၊ ခရိုင်ပါတီကော်မတီဝင် ဦးကျဒေါလော်၊ မြို့နယ်ပါတီဥက္ကဌ ဦးစိုင်းရွှေထွန်း၊ မြို့နယ်ပါတီကော်မတီဝင် ဦးအောင်ဝင်း၊ ဦးသောင်းကျော်၊ ဦးအောင်ထန်၊ မြို့နယ်(အရံ)ကော်မတီဝင် ဦးခင်မောင်လွင်နှင့် ပါတီလူငယ်အဖွဲ့၊ ပါတီအမျိုးသမီးအဖွဲ့ အင်အား (၂၀) ဦးတို့နှင့်အတူ အောက်တိုဘာ (၂၂) ရက်က မိုင်းကိုးအုပ်စု၊ ရန်ရှင်း(၄)ရွာနှင့် ရွာအနီးရှိ ရွာများ၊ တာလေ မြို့နယ် ရန်အောင်ရွာနှင့် ရွာအနီးရှိရွာများမှ ပါတီဝင်များနှင့် တွေ့ဆုံရန်နှင့် ကျေးရွာကောက်သစ်စားပွဲများသို့ တက်ရောက်ရန် သွားရောက်ခဲ့ပါသည်။

14712692_1283732148333265_3434105053694718859_o

ဗဟိုကော်မတီဝင်နှင့်အဖွဲ့သည် နံနက် (၁၀း၃၀)အချိန်တွင် ရန်ရှင်း(၄)ကျေးရွာ ပါတီခေါင်းဆောင် ဦးကျအူ၏ အိမ်၌ ရန်ကုန်ရွာ၊ မယ်ဖုံးလုံ၊ မေတွီရွာမှ ပါတီခေါင်းဆောင်များနှင့် လည်းကောင်း၊ နေ့လည် (၁၂း၁၀)တွင် တာလေ မြို့နယ် ရန်အောင်ရွာ(လားဟူ)ရွာ အသင်းဝင် ဒေါ်မာထအိမ်တွင် နားအွန်ရွာ၊ ၀မ်ကောင်းရွာ၊ ရန်အောင်ရွာမှ ပါတီခေါင်းဆောင်များနှင့်လည်းကောင်း တွေ့ဆုံပြီး ပါတီ၏ ရှေ့လုပ်ငန်းစဉ်များနှင့် ပြည်သူ့အကျိုးပြူလုပ်ငန်းမျာ်း အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်နိုင်ရေး ကိစ္စများကို ညှိနှိုင်းဆွေးနွေးပြီး ကျေးရွာ၏ ရိုးရာကောက်သစ် စားပွဲသို့ တတ်ရောက်အားပေးခဲ့ပါသည်။

ထို့နောက် ဗဟိုပါတီကော်မတီဝင် ဦးဝီလ်ဆင်မိုးမှ ကောက်သစ်စားပွဲများပြုလုပ်သော ရန်ရှင်း(၄)ရွာသို့ ကျပ်(၅) သောင်းတန်ဖိုးရှိ အအေး(၅)ဖာအား လည်းကောင်း၊ တာလေမြို့ ရန်အောင်ရွာ ကောက်သစ်စားပွဲသို့ ကျပ်(၅) သောင်းတန်ဖိုးရှိ  အအေး(၅)ဖာနှင့် အသင်းဝင်ဆရာဦးယားရှာသို့ ငွေသားကျပ်(၇)သောင်း၊ စုစုပေါင်း ကျပ် တစ်သိန်း၊ ခုနှစ်သောင်းကို လှူဒါန်းမှုပြုခဲ့ကြောင်း သိရသည်။  # ရှမ်းပြည်နယ် အရှေ့ပိုင်း သတင်းစုံ


Leave a Reply