ပြည်ခိုင်ဖြိုးပါတီ ဗဟိုဦးဆောင်ကော်မတီဝင် ဦးဌေးဦး ဟင်္သာတဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပါတီဗဟိုဦးဆောင်ကော်မတီဝင် ဦးဌေးဦးနှင့် ဇနီး မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်နာယက ဒေါ်နီနီဝင်းတို့သည် ယခုလ ၁၃ ရက် နံနက် ၁ဝ နာရီခွဲက ဧရာဝတီတိုင်းဒေသ ကြီး ဟင်္သာတခရိုင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးညွန့်လှိုင်နှင့် ခရိုင်အလုပ်အမှုဆောင်များ၊ ဟင်္သာတမြို့နယ်ပါတီ ဥက္ကဋ္ဌဦးညွန့်ဦးနှင့် အလုပ်အမှုဆောင်များ၊ အလှူရှင်များနှင့်အတူ အင်္ဂပူမြို့နယ် မယ်ဇလီကုန်း ဒေသကျောင်းကွင်း ကျေးရွာအုပ်စု ကိုမဲကလေးကွင်း သုခသီတလသာသနာ့ကုန်းမြေ၊ ဘာဝနာဓူရ၊ ဖားအောက်တောရ ဗုဒ္ဓသာသနာ့ ရိပ်သာတိုက်သို့ရောက်ရှိပြီး ကျောင်းထိုင်ဆရာတော် သာသနာ့ဓဇ ဓမ္မာစရိယ ဘဒ္ဒန္တကဉ္စနအား လှူဖွယ်ပစ္စည်း များနှင့် ဆိုလာမီးကိုးစုံ ဆက်ကပ်လှူဒါန်း ဖူးမြော်ကြည်ညိုသည်။

u-ho

ယင်းနောက် ပါတီဗဟိုဦးဆောင်ကော်မတီဝင် ဦးဌေးဦးနှင့်ဇနီး မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်နာယက ဒေါ်နီနီဝင်းနှင့် အလှူရှင်များက ဖားအောက်တောရ ဗုဒ္ဓသာသနာ့ရိပ်သာတိုက် ရေရရှိရေးအတွက် လျှိုပိတ်ဆည် ဆောက်လုပ်ရန် အလှူငွေများအား ဆရာတော်ကြီးထံ ဆက်ကပ် လှူဒါန်းသည်။

ထို့နောက် ပါတီဗဟိုဦးဆောင်ကော်မတီဝင် ဦးဌေးဦးနှင့်အဖွဲ့သည် ဆရာတော် သာသနာ့ဓဇ ဓမ္မာစရိယ ဘဒ္ဒန္တ ကဉ္စနထံမှ ရေစက်ချတရားနာယူကြပြီးနောက် ပါတီဗဟို ဦးဆောင်ကော်မတီဝင်နှင့်အဖွဲ့သည် ရေရရှိရေးအတွက် လျှိုပိတ်ဆည်ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းခွင်သို့ သွားရောက် ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။


Leave a Reply