ရှာလော့တီမြို့မှာ မတည်ငြိမ်မှုများ ဆက်လက်ဖြစ်ပေါ်နေခြင်းကြောင့် အရေးပေါ်အခြေအနေ ထုတ်ပြန်

state-of-emergency-declared-in-charlotte-as-unrest-continues-1

(ဓာတ်ပုံ – အီးပီအေ)

အမေရိကန်နိုင်ငံ၊ မြောက်ကာရိုလိုင်းနားပြည်နယ် ရှာလော့တီမြို့မှာ ရဲတပ်ဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် စက်တင်ဘာ ၂၀ ရက် အစောပိုင်းက လူမည်းတစ်ဦး သေဆုံးခဲ့ ပြီးနောက် ဆန္ဒပြ ဆူပူအုံကြွမှုတွေ ဆက်လက် ဖြစ်ပေါ်နေတာကြောင့် အာဏာပိုင်တွေက အရေးပေါ် အခြေအနေ ထုတ်ပြန်ကြေညာလိုက်ကြောင်း သိရပါတယ်။

ဒုတိယမြောက်ညအဖြစ် အကြမ်းဖက်ဆန္ဒပြမှုတွေကို ဦးဆောင်တဲ့ လူ (၄၄) ယောက်ကို ဖမ်းဆီးထားကြောင်း သိရပါတယ်။

ဆန္ဒပြမှုအတွင်း ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးဖြင့် ဖြိုခွင်းခဲ့ပြီး ဆန္ဒပြသူတွေနဲ့ ထိပ်တိုက်တွေ့ရာမှ ရဲတပ်ဖွဲ့ဝင် (၇) ဦး ဒဏ်ရာရရှိသလို ဆန္ဒပြသူ (၁၁) ဦး ဒဏ်ရာ ရရှိခဲ့ပါတယ်။

စက်တင်ဘာ ၂၀ ရက် ဒေသစံတော်ချိန် နံနက်အစောပိုင်းမှာ ရဲတပ်ဖွဲ့အရာရှိရဲ့ ပစ်ခတ်မှုကြောင့် အာဖရိကနွယ်ဖွား အသက် ၄၃ နှစ်အရွယ် Keith Lamonth Scott ဆိုသူ လူမည်းတစ်ဦး သေဆုံးခဲ့ပြီးနောက် အခုလို ဆန္ဒပြမှုတွေ ဆက်တိုက် ထွက်ပေါ်လာတာဖြစ်ပါတယ်။

ဒါပေမယ့် သေဆုံးသူ စကော့ရဲ့လက်ထဲမှာ အဲဒီအချိန်က သေနတ်ကိုင် ဆောင်ထားတယ်လို့ ရဲက စွပ်စွဲ ပြောဆိုပေမယ့် သူ့မိသားစုကတော့ သူဟာ သူ့သားကို ကျောင်းကြိုဖို့ စောင့်နေခဲ့ပြီး သေနတ်ကိုင်ထားတာမဟုတ်ပဲ စာအုပ်ကိုင်ထားတာလို့ ပြောပါတယ်။

Ref; EFE_EPA, BBC


Leave a Reply