ဥရောပသမဂ္ဂနှင့်အမေရိကန်ကုန်သွယ်ရေးစာချုပ်ကို ကန့်ကွက်သည့်အနေဖြင့် ဆန္ဒပြစုဝေးမှုပြုလုပ်

14379860_1756815951225572_306416711582504890_o

မြူးနစ် စက်တင်ဘာ ၁၈

ဥရောပသမဂ္ဂနှင့်အမေရိကန် နှစ်နိုင်ငံ ကြား အတ္တလ္တိတ်သမုဒ္ဒရာကျော် ဖြတ်သည့် ကုန်သွယ်ရေးစာချုပ် ချုပ်ဆိုမှုကို ကန့်ကွက် ဆန့်ကျင်သည့်အနေဖြင့် ဂျာမနီ တစ်နိုင်ငံလုံးရှိ မြို့ကြီးများတွင် ထောင်နှင့်ချီသော လူအုပ်ကြီး ဆန္ဒ ထုတ်ဖော်ခဲ့ကြသည်။

သမုဒ္ဒရာဖြတ်ကျော်ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပူးတွဲဆောင် ရွက်မှုစာချုပ် (TTIP ) သည် ဥရောပရှိ စားသောက်ကုန်များ၏ အရည်အသွေး နှင့်ပတ်ဝန်းကျင်ဆိုင်ရာ ကာကွယ် စောင့်ရှောက်မှု အဆင့်အတန်းကို နိမ့်ကျ စေပြီး ပစ္စည်းဝန်ဆောင်မှုများကို ပြည်ပ သို့ ကန်ထရိုက်ဖြင့် အပ်နှံရယူခြင်းနှင့် အလုပ်အကိုင်ဆုံးရှုံးမှုတို့ ဖြစ်လာစေ မည်ဟု ဆန္ဒထုတ်ဖော်သူများက ပြောသည်။

စာချုပ်ကို ထောက်ခံသူများကမူ အဆိုပါ ကုန်သွယ်မှုစာချုပ်က အခွန်အခ ပေးဆောင်ရမှုကို လျော့ကျစေမည် ဖြစ်ကာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင် ပေးနိုင်မည်ဟု ပြောကြားခဲ့သည်။

ဂျာမနီနိုင်ငံရှိ ဘာလင်၊ မြူးနစ်၊ ဟမ်းဘာ့ဂ်နှင့် ဖရန့်ဖာတ်အပါအဝင်မြို့ ကြီးခုနစ်ခုတို့တွင် များပြားလှစွာသော လူအုပ်ကြီးသည် အလံများနှင့်ကြွေးကြော် ဆောင်ပုဒ်များ ကိုင်ဆောင်ကာ အေးမြသောရာသီဥတုကို အန်တုလျက် ဆန္ဒပြစုဝေးခဲ့ကြသည်။

(ဘီဘီစီ)


Leave a Reply