ပြန်လည်ကစားရန် ကြံ့ခိုင်မှု အခြေအနေ တိုးတက်နေဟု ရော်နယ်ဒိုပြောကြား

05272752785

မက်ဒရစ်− ဒဏ်ရာမှ ပြန်လည် သက်သာလာပြီး ရီးရဲလ်တွင် ပြန်ကစားရန် နီးစပ်လာစဉ် မိမိအခြေအနေ တိုးတက် လာသည်ဟု ရီး ရဲလ်ကြယ်ပွင့် ရော်နယ်ဒိုက ပြောကြားလိုက်သည်။

ပြီးခဲ့သည့် ဇူလိုင်က ယူရို၂၀၁၆ အိမ်ရှင်ပြင်သစ်နှင့် ကစားသော ဗိုလ်လုပွဲတွင် ဒဏ်ရာရရှိပြီးနောက် ကြံ့ခိုင်မှု ပြန်လည်ရရှိရန် ကြိုးစားနေစဉ် ရော်နယ်ဒိုက လူမှုမီဒီယာမှတစ်ဆင့် ၎င်း၏ အခြေအနေကို တင်ပြခဲ့သည်။

ရော်နယ်ဒို (၃၁) နှစ်သည်  လာလီဂါအစ ရီးရဲလ်၏ ပွဲစဉ် နှစ် ပွဲတွင် ပါဝင်ခဲ့ခြင်းမရှိသလို ပေါ်တူဂီ၏ နိုင်ငံတကာ ပွဲများတွင် လည်း ပါဝင်ခြင်းမရှိခဲ့ပေ။

သို့သော်ရော်နယ်ဒိုက ၎င်း၏ နောက်ဆုံးအခြေအနေကို တင်ပြခဲ့ပြီး အင်စတာဂရမ်ဝက်ဘ်ဆိုက်တွင် ဓာတ်ပုံကို ဖော်ပြကာ ‘‘ကျွန်တော်လုပ်နေတာကို ပျော်ရွှင်နေပါတယ်။ တိုးတက်နေဆဲ ပါပဲ’’ဟု ရေးသားထားသည်။

ရော်နယ်ဒိုသည် ဥရောပ အကောင်းဆုံးကစားသမားအဖြစ် ယခင်သီတင်းပတ်အတွင်း သရဖူဆောင်းခဲ့သည်။ ရီးရဲလ်သည် ၎င်းမပါဝင်သော်လည်း ရာသီအဖွင့်ပွဲများ၌ အနိုင်ရရှိခဲ့ပြီး လာလီဂါပထမပွဲတွင် ဆိုစီဒက်ကို ၃-၀ ဂိုးဖြင့် အနိုင်ယူပြီးနောက် ဆယ်လ်တာဗီဂိုကို ၂-၁ ဂိုးဖြင့် ထပ်မံအနိုင်ရရှိခဲ့သည်။

—Ref:Goal


Leave a Reply