ငလျင်ကြောင့် ပျက်စီးသွားသော ပုဂံဘုရားများ ပြန်လည်ပြုပြင်ရန် ယူနက်စကို ကူညီမည်

ငလျင်ဒဏ်ကြောင့်ပျက် စီးသွားသော ရှေးဟောင်းပုဂံမြို့ရှိ ဘုရားများကို အရေးပေါ်ကာလအဖြစ် သတ်မှတ်၍ ယူနက်စကိုအဖွဲ့က ပုဂံမြို့သို့ သွားရောက်စစ်ဆေးကာ စစ်တမ်းကောက်ယူမည်ဖြစ်ပြီး ဘုရားများပြန်လည် ပြုပြင်ရန် ငွေကြေးနှင့်နည်းပညာများ ကူညီမည်ဖြစ်ကြောင်း ကုလသမဂ္ဂ ပညာရေးသိပ္ပံနှင့် ယဉ်ကျေးမှု (ယူနက်စကို) ၏ ယဉ်ကျေးမှုဌာနအစီအစဉ် ညှိနှိုင်းရေးမှူး ဒေါ်ဥမ္မာမျိုးက 7Day Daily အား ပြောကြားသည်။

 

The ancient Sulamuni temple is seen shrouded in dust as a 6.8 magnitude earthquake hit Bagan on August 24, 2016. A powerful 6.8 magnitude earthquake struck central Myanmar on August 24, killing at least one person and damaging pagodas in the ancient city of Bagan, officials said. The quake, which the US Geological Survey said hit at a depth of 84 kilometres (52 miles), was also felt across neighbouring Thailand, India and Bangladesh, sending panicked residents rushing onto the streets.   / AFP PHOTO / SOE MOE AUNG / ìThe erroneous mention[s] appearing in the metadata of this photo by SOE MOE AUNG has been modified in AFP systems in the following manner: [Sulamuni temple] instead of [Dhammayangyi temple]. Please immediately remove the erroneous mention[s] from all your online services and delete it (them) from your servers. If you have been authorized by AFP to distribute it (them) to third parties, please ensure that the same actions are carried out by them. Failure to promptly comply with these instructions will entail liability on your part for any continued or post notification usage. Therefore we thank you very much for all your attention and prompt action. We are sorry for the inconvenience this notification may cause and remain at your disposal for any further information you may require.î

‘‘ယူနက်စကိုအဖွဲ့က မနက်ဖြန် ပုဂံကိုသွားပြီးစစ်ဆေးမယ်။ ဘယ်လောက်ထိ ပျက်စီးမှုရှိတယ်ဆိုတာ စာရင်း ကောက်ယူမယ်။ ပြီးရင် ဘုရားတွေကိုဘယ်လိုနည်း နဲ့ ပြန်လည်ပြုပြင်မလဲဆိုတာ ဆွေးနွေးရပါမယ်။ အခုအရေး ပေါ်ကာလအဖြစ် သတ်မှတ်ပြီး ပြုပြင်မယ်။ ယူနက်စကိုက ငွေကြေးအရရော နည်းပညာအရပါ ကူညီပေး သွားမယ်’’ဟု ဒေါ်ဥမ္မာ မျိုးကပြောသည်။

ယူနက်စကိုအဖွဲ့သည် ပုဂံမြို့ရှိ ပျက်စီးသွားသော ဘုရားများကို စစ်ဆေးကာ စာရင်းကောက်ယူရန် ယနေ့ (သြဂုတ် ၂၅ ရက်) တွင် ပုဂံမြို့သို့သွား ရောက်မည်ဟု ၎င်းကဆက်လက် ပြောကြားသည်။

‘‘ဘုရားအပျက်အစီးတွေကို ကောက်ယူတာတို့၊ ဖယ်ရှားတာ တို့ လုပ်လို့မရသေးဘူး။ ပျက်စီးတာတွေကို မှတ်တမ်း တင်မယ်။ ပြီးမှ စစ်ဆေးပြီး ပြုပြင်တာတွေလုပ်ရမယ်။ ကူညီဖို့အတွက်လည်း အဆင့်ဆင့် တင်ပြထားပါတယ်။ ဒီနေ့စာရင်းအရ တစ်ရာကျော်တယ်။ နောက်နေ့တွေမှာ ပျက်စီးတာတွေ ပိုများလာနိုင်ပါတယ်’’ ဟု ဒေါ်ဥမ္မာမျိုး ကပြောသည်။

# 7 Day Daily


Leave a Reply