ပုဂ္ဂလိက ရုပ်သံလုပ်ငန်းအသစ်များ ခွင့်ပြုပေးတော့မည်

ပုဂ္ဂလိကရုပ်သံထုတ်လုပ်သည့် လုပ်ငန်းသစ်များ၏ ရုပ်သံထုတ်လွှင့်ခွင့်များကို ခွင့်ပြုပေးသွားတော့မည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနထံမှ သိရသည်။

ယခုလ (ဇူလိုင်လကုန်) သို့မဟုတ် နောက်လ သြဂုတ်လဆန်းတွင် ရုပ်သံထုတ်လွှင့်ရန် စိတ်ပါဝင်စားသည့် အဆိုပြုလွှာများကို ဖိတ်ခေါ်သွားမည်ဖြစ်ပြီး သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိသူများကို တင်ဒါစနစ်ဖြင့် ခွင့်ပြုပေးသွား မည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယအမြဲတန်းအတွင်းဝန် ဦးမျိုးမြင့်မောင်က The Voice သို့ ပြောကြားသည်။
ရုပ်သံထုတ်လွှင့်မှု ဥပဒေရေးဆွဲမှု မပြီးဆုံးသေးသည့်အတွက် အသစ်လုပ်ကိုင်မည့် ရုပ်သံဌာနများအနေနှင့် ထုတ်လွှင့်သည့်လိုင်းများကို ပိုင်ဆိုင်ခွင့်ရမည်မဟုတ်သော်လည်း လက်ရှိအစိုးရက ထုတ်လွှင့်နေသည့် လိုင်းများ ကို ငှားရမ်းအသုံးပြုခွင့် ပေးသွားမည်ဟု ၎င်းက ဆိုသည်။

“ဥပဒေမထွက်သေးတဲ့အတွက် လိုင်းတွေကိုတော့ အပိုင်ပေးလို့မရသေးဘူး။ ကျွန်တော်တို့မှာရှိတဲ့ လိုင်းတွေထဲ ကမှ သင့်တင့်မျှတတဲ့ အရေအတွက်ကို မျှပေးမှာပေါ။့ မှန်းထားတာတော့ ဒီလကုန် သို့မဟုတ် နောက်လဆန်း ထဲမှာ စိတ်ဝင်စားမှု အဆိုပြုလွှာပြုစုပြီး စိတ်ပါဝင်စားတဲ့သူတွေကို ဖိတ်ခေါ်သွားမှာပေါ့ ပြီးရင် သတ်မှတ်ချက် တွေကို ရှင်းပြမယ်ပေါ။့ တင်ဒါစနစ်ဆိုရင်လည်း တင်ဒါစနစ်နဲ့ပေါ့” ဟု ၎င်းက ရှင်းပြသည်။

လက်ရှိတွင် ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဆိုင်ရာ ဥပဒေကြမ်းထွက်ရှိထားပြီဖြစ်ပြီး နည်းဥပဒေ ထပ်မံ ထွက်ရှိရန်နှင့် ပြင်ဆင်ရန် လိုအပ်သည်များကို ပြင်ဆင်နေကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနမှ သိရသည်။

ယင်းဥပဒေတွင် အစိုးရသစ်လက်ထက် ဝန်ကြီးဌာန အပြောင်းအလဲများ၊ ရုပ်သံလိုင်း ပိုင်ဆိုင်ခွင့်များ အပါအဝင် အချက် ခုနှစ်ချက်ခန့် ပြင်ဆင်ရန်ကျန်ရှိနေသေးပြီး နည်းဥပဒေထွက်ရှိရန် တစ်နှစ်နီးပါးခန့် ကြာမြင့်မည်ဟု ခန့်မှန်း ထားကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ သိရသည်။

The Voice


Leave a Reply