မိတ္ထီလာတွင် ပါတီဥက္ကဋ္ဌနှင့်အတွင်းရေးမှူး ဘဏ္ဍာရေးမှူး နေရာများ ပြန်လည်ပြင်ဆင်ရွေးချယ်

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့်ဘဏ္ဍာရေးမှူးနေရာများကိုယခုလ ၁ရက် နံနက် ၉ နာရီက မြို့နယ်ပါတီရုံးအစည်း အဝေးခန်းမ၌ကျင်းပသည့် မြို့နယ်ပြည်ခိုင်ဖြိုး ပါတီမျက်နှာစုံညီအစည်းအဝေးနှင့် ပြန်လည်ပြင် ဆင်ရွေးချယ်ဖွဲ့စည်းရေးအခမ်းအနားတွင် ရွေးချယ် ပြီးစီးခဲ့ကြောင်း သိရသည်။

13533229_616408205195361_3572776001352482788_n

မိတ္ထီလာမြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးဖိုးဥာဏ်၊ အတွင်းရေးမှူး ဦးမျိုးလွင်၊ ဘဏ္ဍာရေးမှူး ဒေါ်မြမြဝင်းတို့အားရွေးချယ်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ အခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမောင်သင်း၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးစိုးသန်း၊ တိုင်းဒေသကြီးပါတီပြန် လည်ရွေးချယ်ဖွဲ့စည်းရေးကော်မတီမှဦးသိန်းထွန်း၊ မြို့နယ်ကော်မတီဝင်များ၊ ရပ်ကွက်ကျေးရွာအုပ်စု ကော်မတီဝင်များတက်ရောက်ကြကြောင်းသိရသည်။

မောင်မောင်(ထီလာ


Leave a Reply