ကိုယ်ဝန်ကြောင့် ရိုက်ကူးမှုတွေနားမယ့် သက်မွန်မြင့်

 ဒုတိယမြောက်ကိုယ်ဝန် ကို လွယ်ထားပြီဖြစ်၍ ရုပ်ရှင်ရိုက် ကူးမှု ခေတ္တရပ်နားမည်ဟု သရုပ် ဆောင်အကယ်ဒမီ သက်မွန်မြင့် က ပြောသည်။

‘‘ကျန်းမာရေးအခြေအနေ အရ ကားရိုက်တာလည်း နားရ မယ်။ ဒီဗိုက်နဲ့လည်း ရိုက်လို့မရ ဘူး’’ဟု သက်မွန်မြင့်က ပြော ကြားသည်။

သက်မွန်မြင့်သည် ၎င်း၏ ဒုတိယကိုယ်ဝန်ကြောင့် ရုပ်ရှင် ရိုက်ကူးမှု ခေတ္တရပ်နားမည့် အ ချိန်တွင် ပရိသတ်များနှင့် အဆက် အသွယ်ပြတ်မှုမဖြစ်စေရန်လည်း Viber Application ၌ Public Chats ကို ဇွန်လ ၁၇ ရက်က စတင်ဖွင့်လှစ်ခဲ့သည်။

‘‘နားနေတဲ့အချိန်မှာ ပရိ သတ်တွေနဲ့ ကိုယ့်အနုပညာနဲ့ သူ တို့နဲ့ နီးစပ်ဖို့က မဖြစ်နိုင်ဘူး။ Viber Public Chats လေးနဲ့ ကိုယ်အလုပ်နားနေရင်ပဲဖြစ်ဖြစ် စကားပြောနေရတဲ့အတွက် ထိ တွေ့မှုရှိနေမှာပါ။ အိမ်မှာရှိနေ ပေမယ့်လည်း သူတို့ချစ်တဲ့ အား ချစ်လေးရဲ့ လှုပ်ရှားမှုတွေကို မြင် ရအောင် ဓာတ်ပုံလေးတွေ ပြမယ်၊ စကားပြောမယ်’’ဟု သက်မွန်မြင့် က ပြောသည်။

သက်မွန်မြင့်သည် ၎င်း၏ ပထမရင်သွေး သားယောက်ျား လေး အားချစ်ခေါ် အောင်ခေတ် ကို ၂၀၁၅ ဧပြီ ၁၂ ရက်က မွေး ဖွားပြီး ယခုအခါ ဒုတိယမြောက် ကိုယ်ဝန်ဆောင်ခြင်းဖြစ်သည်။

လက်ရှိတွင် ဒါရိုက်တာညို မင်းလွင်ရိုက်ကူးသည့် လက်စား ချေနတ်သမီးရုပ်ရှင်ကို ဖြိုးငွေစိုး၊ သြဘာ၊ နန်းဆုဦးတို့နှင့်အတူ ရိုက်ကူးနေပြီး ဇူလိုင်၌ ၎င်းပါဝင် သရုပ်ဆောင်ထားသည့် ပြန်ခေါ် သက်သေ ရုပ်ရှင်ရုံတင်ပြသတော့ မည်ဖြစ်သည်။


Leave a Reply