ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဒုတိယဥက္ကဋ္ဌဦးဌေးဦး NDI မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌဦးဌေးဦးအား တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်တော့မည့် Dr.Richard A.Nuccio,Ph.D. မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် (National Democratic Institute)နှင့်အဖွဲ့သည် ယခုလ ၁ဝ ရက် နံနက် ၈ နာရီက နေပြည်တော်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ်ရုံး ဧည့်ခန်းမသို့ လာရောက်တွေ့ဆုံသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦး က ပထမအကြိမ်လွှတ်တော်သက် တမ်းကာလအတွင်း နိုင်ငံတော်နှင့် ပြည်သူအကျိုးအတွက်ဆောင်ရွက် ခဲ့မှုများနှင့် လက်ရှိလွှတ်တော် သက်တမ်းကာလအတွင်း ဆောင် ရွက်မှုများနှင့်ပတ်သက်၍ ရင်းနှီး ခင်မင်စွာဆွေးနွေးခဲ့ကြပြီး အမှတ် တရ လက်ဆောင်များ ပေးအပ်ကာ စုပေါင်းဓာတ်ပုံ ရိုက်ကူးကြကြောင်း သိရသည်။

အေးကိုကို


Leave a Reply