လူ့ခန္ဓာကိုယ် အစိတ်အပိုင်းအချို့ ၀က်ဝံဗိုက်အတွင်းမှာ တွေ့

bear

လူတွေကို တိုက်ခိုက်တယ်လို့ သံသယရှိတဲ့ ၀က်ဝံရဲ့ဗိုက်ထဲမှာ လူ့ခန္ဓာကိုယ် အစိတ်အပိုင်းနဲ့ ဆံပင်တချို့ တွေ့ရတယ်လို့ ဂျပန်နိုင်ငံက တာဝန်ရှိသူတွေ ဇွန် ၁၄ ရက်မှာ ပြောပါတယ်။

ဝက်ဝံဟာ လူ ၄ ဦးကို တိုက်ခိုက်ခဲ့ပြီး ဒီအထဲက တဦးဟာ တိုက်ခိုက်မှုကြောင့် သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။

ဒီအထဲက တောထဲမှာ အပင်ရှာထွက်တဲ့ အမျိုးသမီးတဦးရဲ့ အလောင်းကို ဇွန် ၁၀ ရက်က တွေ့ရှိခဲ့ပါတယ်။

အမျိုးသမီးအလောင်းတွေ့တဲ့နေရာနဲ့ ၁၀ မီတာအကွာမှာ မုဆိုးတွေက လူတွေကို တိုက်ခိုက်တယ်လို့ သံသယရှိတဲ့ ၀က်ဝံတကောင်ကို ပစ်သတ်ခဲ့ပါတယ်။

ဇွန် ၁၃ ရက် မနက်မှာတော့ ၀က်ဝံရဲ့ဗိုက်ထဲမှာ လူခန္ဓာကိုယ် အစိတ်အပိုင်းတွေ တွေ့ရတာလို့ အာကီတာ စီရင်စုက အရာရှိ ဟိုင်ဒီကီ အာဘေးက ပြောပါတယ်။

ဒါ့အပြင် ဗိုက်ထဲမှာလည်း မျှစ်တွေကို တွေ့ရှိခဲ့ရတယ်လို့ သူက ဆိုပါတယ်။

အာကီတာ စီရင်စုက ဒေသခံတွေကိုလည်း ၀က်ဝံအန္တရာယ်ကြောင့် တောအုပ်ထဲကို မသွားဖို့ သတိပေးချက် ထုတ်ပြန်ထားပါတယ်။

ဂျပန်က တောတောင်ထူထပ်တဲ့ အာကီတာမှာတော့ ၀က်ဝံက လူတွေကို တိုက်ခိုက်တာဟာ ဖြစ်လေ့ဖြစ်ထ ဖြစ်စဉ်တခုလည်း ဖြစ်ပါတယ်။

အရင်လကလည်း မျှစ်သွားခူးတဲ့ လူ ၃ ဦးဟာလည်း ၀က်ဝံတိုက်ခိုက်မှုကြောင့် သေဆုံးသွားခဲ့ဖူးပါတယ်။

(DVB)


Leave a Reply