လစဉ်ပုံမှန်စည်းဝေး ရွေးချယ်ခံရသော ရပ်ကွက် ပါတီကော်မတီဝင်များ ကတိသစ္စာပြု

ရန်ကုန်အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးတွင် လစဉ်ပုံမှန်အစည်းအဝေးနှင့် ရပ်ကွက်များမှ ရပ်ကွက်ပါတီ ကော်မတီဝင်အဖြစ် ရွေးချယ်ခံရသောပုဂ္ဂိုလ်များက ကတိသစ္စာပြုအခမ်းအနားကို ဇွန်လ (၅) ရက် နံနက် (၉) နာရီတွင် စုစုပေါင်း အင်အား (၁၄ဝ) ဖြင့် ကျင်းပခဲ့သည်။

အဆိုပါ လစဉ်ပုံမှန်အစည်းအဝေးနှင့် ရပ်ကွက်ပေါင်း (၃၂) ရပ်ကွက်မှ ရွေးချယ်ခံရသော ကော်မတီဝင်များ ကတိသစ္စာပြုအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ တိုင်းဒေသကြီးပါတီကော်မတီဝင် အမျိုးသမီးရေးရာ အတွင်းရေးမှူး ဒေါ်စန်းစန်းဝင်း တက်ရောက်၍ အဖွင့်အမှာစကားပြောကြားသည်။

ထို့နောက် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ပါတီအတွင်းရေး မှူး ဒေါ်စမ်းစမ်းဌေးက ပါတီ၏ရှေ့လုပ်ဆောင်ရမည့်လုပ်ငန်းစဉ် များကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

အောင်ကျော်စိုး(ဒဂုံတောင်)


Leave a Reply