ပြည်ခရိုင်/ မြို့နယ်ပါတီကော်မတီဝင်များ ရပ်/ကျေးအုပ်စုမှ အမာခံများနှင့် တွေ့ဆုံ

ပြည်မြို့နယ် ပြည်ခိုင်ဖြိုးရုံးခန်းမတွင် ဇွန်လ (၅) ရက် မွန်းလွဲ (၁) နာရီက ကျင်းပသော တွေ့ဆုံပွဲ၌ ပြည်ခရိုင်ပါတီကော်မတီဝင် ဒေါ်ဆွေဆွေသင်း၊ မြို့နယ်ပါတီ အတွင်းရေးမှူး ဒေါ်ဇွန်မွန်မြင့်တို့သည် မြို့နယ်ပါတီကော်မတီဝင်များနှင့်အတူ အသစ်ပြန်လည် ဖွဲ့စည်း ပြီးသော ရပ်/ကျေး (၆၉) အုပ်စုမှ အမာခံ၊ ဒုအမာခံများနှင့် တွေ့ဆုံခဲ့သည်။

၎င်းတွေ့ဆုံပွဲတွင် ခရိုင်ပါတီကော်မတီဝင်နှင့် မြို့နယ်ပါတီအတွင်းရေးမှူး တို့သည် ပါတီတွင်းရှေ့ဆက်လုပ်ဆောင်ရမည့် ကိစ္စအဝဝနှင့် အစီအမံများကို ဆွေးနွေးခဲ့သည်။

အခမ်းအနားသို့ ခရိုင်ပါတီကော်မတီဝင်၊ မြို့နယ်ပါတီအတွင်းရေးမှူး၊ မြို့နယ်ပါတီ ကော်မတီဝင်များနှင့် အမာခံ၊ ဒုအမာခံများ စုစုပေါင်း အင်အား (၁၅ဝ) ဦး တက်ရောက် ခဲ့ကြောင်း သိရသည်။

စိုးတင်မြင့်(ရွှေကြို့မြေ)


Leave a Reply