မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူးနှင့် တိုင်းကော်မတီဝင်များ ပြန်လည် ပြင်ဆင် ရွေးချယ်ရေး ကော်မတီအဖွဲ့ဝင်များတွေ့ဆုံ

မန္တလေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူးနှင့် ပြန်လည်ပြင်ဆင်ရေး ကော်မတီဝင်များ တွေ့ဆုံဆွေးနွေးပွဲကို ဇွန်လ (၃) ရက် နံနက် (၈) နာရီခွဲအချိန်က မိတ္ထီလာခရိုင် ပြည်ခိုင်ဖြိုး ပါတီရုံး ရိပ်သာအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

တွေ့ဆုံဆွေးနွေးပွဲ၌ ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူး ဦးဝင်းမောင်၊ တိုင်းဒေသကြီး ပါတီကော်မတီဝင်များဖြစ်ကြ သည့် ဦးသိန်းလှ (ခရိုင်နယ်မြေတာဝန်ခံ)၊ ဦးသန်းမြင့် (ခရိုင်နယ်မြေတွဲဖက်တာဝန်ခံ)၊ ဦးကိုကိုထွေး၊ တိုင်းဒေသ ကြီးပါတီ မျက်နှာစုံညီ အစည်းအဝေးနှင့် ပြန်လည်ပြင်ဆင် ရွေးချယ်ရေးကော်မတီအဖွဲ့ဝင် ဦးအောင်ကျော်မိုး၊ ဦးဌေးမောင်တို့က ခရိုင်ပါတီ ယာယီအတွင်းရေမှူး ဦးစိုးသိမ်း၊ ခရိုင်ပါတီကော်မတီဝင် ဦးထွန်းထွန်းဦး၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစိုးသန်း၊ မြို့နယ်ပါတီ ယာယီအတွင်းရေးမှူး ဦးဖိုးဥာဏ်နှင့် မြို့နယ်ပါတီ ကော်မတီဝင်များအား တွေ့ဆုံ၍ ရပ်/ကျေးမျက်နှာစုံညီအစည်းအဝေးနှင့် ပြန်လည်ပြင်ဆင် ရွေးချယ်ရေးဆောင် ရွက်ပြီးစီးမှု အခြေအနေတို့ကိုလည်းကောင်း၊ မြို့နယ်/ခရိုင်အဆင့် ပြန်လည်ပြင်ဆင်ရွေးချယ်သွားမည့် အခြေအနေ နှင့် ပါတီဗဟိုမှချမှတ်ပေးသော လုပ်ငန်းလမ်းညွှန်ချက်များနှင့်အညီ လုပ်ထုံးလုပ်နည်းအလိုက် စနစ်တကျ မှန်မှန် ကန်ကန်ဖြင့် ဆောင်ရွက်ပေးကြရမည့် အခြေအနေတို့ကိုလည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့သည်။

ဆက်လက်၍ ရပ်/ကျေး ပြန်လည်ပြင်ဆင်ရွေးချယ်ရေး အစုအဖွဲ့အလိုက် ခေါင်းဆောင်များ အစည်းအဝေးကျင်းပမှု၊ ပြန်လည် ပြင်ဆင် ရွေးချယ်မှုတို့ကို ရှင်းလင်းတင်ပြခဲ့ကြရာ တိုင်းဒေသကြီး ပြည်ခိုင်ဖြိုး ပါတီအတွင်းရေးမှူးနှင့် တိုင်းကော်မတီဝင်များက ရွေးချယ် ထားရှိပြီးသော “ပ” ခေါင်းဆောင်၊ “ဒု” ခေါင်းဆောင်များ၏ ကိုယ်ရေးအချက်အလက်၊ ဓာတ်ပုံ တို့ကို အမြန်ဆုံးပြန်လည်တင်ပြပေးနိုင်ရန်လည်းကောင်း၊ “ပ” ခေါင်းဆောင်၊ “ဒု” ခေါင်းဆောင်အလိုက် တစ်ဦး ချင်းစီတွင် အလွှာငါးလွှာမှ ပါတီကေဒါ ခေါင်းဆောင်များ ပါဝင်ဖွဲ့စည်းရမည်ကိုလည်းကောင်း အသေးစိတ် ပြန်လည် ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

ကြယ်စင်ထွန်း(ထီလာမြေ)


Leave a Reply