ပေါင်းတည်ပြည်ခိုင်ဖြိုးမှ အသည်းရောင်အသားဝါ (ဘီ) ပိုးကာကွယ်ဆေးများ အခမဲ့ ထိုးနှံပေးသွားမည်

ကာကွယ်ခြင်းသည် ကုသခြင်းထက် ထိရောက်သည်ဆိုသော ကျန်းမာရေး ဆောင်ပုဒ်နှင့်အညီ ပေါင်းတည်မြို့နယ်အတွင်းရှိ မိဘပြည်သူများ အသည်းရောင် အသားဝါ (ဘီ) ပိုးကာကွယ်ဆေးများကို သတ်မှတ်အကြိမ်ရေ (၄)ကြိမ်လုံး အခမဲ့ထိုးနှံပေးသွားမည့် အစီအစဉ်အား ပေါင်းတည်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဒါနပြု ဆောင်ရွက်ပေးသွားမည် ဖြစ်ပြီး ဆေးထိုးခြင်းများအား တတ်ကျွမ်းပညာရှင်များမှ လုပ်အားဒါနဖြင့် ကူညီဆောင်ရွက်ပေးသွားမည် ဖြစ်သည်။

ပထမအကြိမ်အဖြစ် လူဦးရေ (၁၀၀) ထိသာ ဆောင်ရွက်ပေးသွားနိုင်မည်ဖြစ် ပါသဖြင့် ပေါင်းတည်မြို့ မင်းကွက် (၃) ရပ်ကွက် ရွှေတောင်လမ်းရှိ မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးသို့ ဇွန်လ (၇) ရက်နေ့ နံနက် (၈) နာရီအရောက် လာရောက်စာရင်းပေးသွင်း၍ အခမဲ့ ကာကွယ်ဆေးထိုးနိုင်ပါကြောင်း လေးစားစွာဖြင့် အသိပေးကြေငြာထားကြောင်း သိရသည်။

‪#‎MyoMinZaw‬
photo edits-စစ်နိုင်


Leave a Reply