ဒုတိယဥက္ကဋ္ဌ ဦးဌေးဦး ဟင်္သာတမြို့ အမျိုးသမီးရေးရာအဖွဲ့ မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းဝင်များနှင့် တွေ့ဆုံ

IMG_3319

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးသည် ယခုလ ၂၅ရက် နံနက် ၁ဝနာရီခွဲတွင် ဟင်္သာနေခြည် ဘက်စုံဖွံ့ဖြိုးရေးစင်တာ၌ ဟင်္သာတ ခရိုင်/မြို့နယ် အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းဝင်များနှင့်တွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် ဟင်္သာတခရိုင်အုပ်ချုပ်ရေးမှူး ဦးစန်းဌေး၊ ဟင်္သာတမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းနိုင်၊ ဟင်္သာတခရိုင် ပြည်ခိုင်ဖြိုးပါတီအလုပ်အမှုဆောင်များ၊ ဟင်္သာတမြို့နယ် ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူးနှင့် အလုပ်အမှုဆောင်များလည်း တက်ရောက်ကြသည်။

ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးက အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းများ မိမိတို့ နယ်မြေပြည်သူများအကျိုးအတွက် မိမိတို့ရည်မှန်းချက်များအတိုင်း ပါဝင်ဆောင်ရွက်ရန်၊ ဟင်္သာတ မြို့၌ လူမှုရေးအဖွဲ့အစည်းများ များစွာရှိကြောင်း၊ အလွှာပေါင်းစုံ၊ လူထုလူတန်းစား ပေါင်းစုံ၊ မိမိတို့ နယ်မြေအကျိုး အတွက်ဆောင်ရွက်နေမှု မတူကြသော်လည်း မိမိတို့နယ်မြေအပေါ် ထားရှိသည့် စေတနာတူကြောင်း၊ ရည်မှန်းချက်တူသော အဖွဲ့အစည်းများနှင့် ပါဝင်ပေါင်းစပ်ဆောင်ရွက်သွားမှု များကို ပိုမိုတိုးမြှင့်ဆောင်ရွက်သွားကြရန်လိုကြောင်း၊ မိမိ မိသားစုအနေဖြင့်လည်း ဟင်္သာတမြို့ အကျိုးအတွက် ဆက်လကိုင်းဝန်း ပါဝင်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းဆွေးနွေးမှာကြားသည်။

တက်ရောက်လာသူများက ဆွေးနွေးပြောကြားပြီး နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ပညာရေးနှင့် လေ့ကျင့် ရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်ထားသော အခြေခံအိမ် တွင်းမှု သင်တန်းအမှတ်စဉ်(၂) အတွက် လိုအပ်သည်များကို ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေး ခဲ့ကြောင်း သိရသည်။

ဝေထွန်း


Leave a Reply