ကျုံပျော်ပြည်ခိုင်ဖြိုး အမာခံကေဒါများရွေးချယ်ဖွဲ့စည်း

13227727_241441056231728_751780057305031387_o

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကော်မတီဝင် (ကျုံပျော်-ရေကြည် တာဝန်ခံ) ဦးမြင့်ကြိုင် ဦးဆောင်၍ မြို့မတိုက်နယ်အတွင်းရှိ သောင်ကြီးကျေးရွာ နှင့် ငါးကျီးထူ ကျေးရွာများသို့ အမာခံကေဒါ စိစစ်ရွေးချယ်ဖွဲ့စည်းခြင်းနှင့် ပါတီ၏ ရှေ့လုပ်ငန်းစဉ် များအား ရှင်းလင်းဟောပြောဆွေးနွေးခြင်းကို မေလ (၂၃) ရက်က ပြုလုပ်ခဲ့သည်။

အဆိုပါဆွေးနွေးပွဲသို့ အမာခံပါတီကေဒါများ၊ ရပ်မိရပ်ဖများနှင့် ပါတီ အားပေးထောက်ခံသူများနှင့် အတူ မြို့နယ်ပါတီကော်မတီဝင်များဖြစ်သည့် မန်းမြင့်ကြယ်၊ ဒေါ်မာလာစုလှိုင်၊ ဦးသန်းဝင်းနှင့် ဒေါ်သန္တာစိုးတို့မှ ပါဝင်တက်ရောက် အားဖြည့်ကူညီဆွေးနွေးခဲ့ကြကြောင်း သိရသည်။

Kyonpyaw Usdp


Leave a Reply