လီဗာပူးလ်အသင်း၏ အကောင်းဆုံးဆုပေးပွဲတွင် ကော်တင်ဟို ဆု(၄)ခုရရှိ

563.6535

လီဗာပူးလ်အသင်း၏ ၂၀၁၅-၁၆ ရာသီအတွက် အကောင်းဆုံးဆုပေးပွဲတွင် ဘရာဇီးလ်ကွင်းလယ်ကစားသမား ကော်တင်ဟိုက ဆု(၄)ခုအထိ ရရှိခဲ့ကြောင်း သိရှိရသည်။

ကော်တင်ဟိုသည် ပရိသတ်များရွေးချယ်သော အကောင်းဆုံးဘောလုံးသမားဆု၊ အသင်းဖော်များရွေးချယ်သော အကောင်းဆုံးဘောလုံးသမားဆု၊ မန်ယူနှင့် ယူရိုပါလိဂ် အဝေးကွင်းပွဲစဉ်မှ သွင်းဂိုးအတွက် အကောင်းဆုံးသွင်းဂိုးဆု၊ မန်စီးတီးနှင့်ပွဲမှ ခြေစွမ်းအတွက် အကောင်းဆုံးစွမ်းဆောင်ရည်ဆုများကို ရရှိခဲ့ခြင်းလည်း ဖြစ်သည်။

အကောင်းဆုံးလူငယ်ကစားသမားဆုကိုမူ ဂျာမနီကွင်းလယ်ကစားသမား အမ်မရီချန်က ရရှိခဲ့ကြောင်းလည်း သိရှိရသည်။

ကော်တင်ဟိုက အသင်းဖော်များ၏ ပံ့ပိုးပေးမှုကြောင့် ယခုကဲ့သို့ အကောင်းဆုံးဆုများ ရရှိခဲ့ခြင်းဖြစ်ကြောင်းနှင့် လာမည့်ယူရိုပါလိဂ်ဗိုလ်လုပွဲတွင် ချန်ပီယံဆု ရရှိအောင် ပူးပေါင်းဆောင်ရွက်သွားလိုကြောင်းလည်း ပြောကြားခဲ့သည်။

Photos: mirror


Leave a Reply