ပြည်နယ်ပါတီကော်မတီဝင်နှင့်အဖွဲ့ တာလေမြို့နယ်သို့ ကွင်းဆင်း

IMG_4864

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပြည်နယ်ပါတီကော်မတီ ၀င် ဒေါ်တင်မေထွန်းသည် တာချီလိတ်ခရိုင်ပါတီအတွင်းရေးမှူးဦးဘိုစံ၊ ခရိုင်ပါတီကော်မတီ ၀င် ဒေါ်နန်းဝိုးလှိုင်၊ မြို့နယ်ပါတီကော်မတီဝင်များဖြစ်သည့် ဦးကျဒေါလော်၊ ဦးချမ်းမြ၊ စည်းရုံးရေး မှူးများပါဝင်သည် အင်အား(၁၀)ဦးသည် ဧပြီလ (၁၉) ရက်နေ့က တာလေမြို့နယ် သီရီကျေးရွာ တွင် ကျိုင်းတုံကက်သလစ်သာသနာမှ ဦးဆောင်ဖွင့်လှစ်လျှက်ရှိသော အခြေခံသမ္မာန်ကျမ်းစာနှင့် အာရှနည်းဟန် သာသနာပြု သင်တန်းအဖွဲ့နှင့် တွေ့ဆုံပြီး ကျပ်(၂)သိန်း(၅)သောင်း တန်ဖိုးရှိ မယ်တော်မာရိယာရုပ်ထုကို လှူဒါန်းရာ ဓမ္မာဆရာ ဦးနာသာလယ် နှင့် သီရိကျောင်းထိုင် ကိုယ်တော်တို့က လက်ခံရယူခဲ့သည်။

IMG_4898

IMG_4895

ဆက်လက်၍ သင်တန်းအတွက် လိုအပ်သည်များအသုံးပြုရန် အလှူငွေ ဒေသသုံး ထိုင်းဘတ် (၂)ထောင်၊ ဓမ္မာကျမ်းစာသင်တန်းအတွက် အလှူငွေ ဒေသသုံး ဘတ်(၃)ထောင် စုစုပေါင်း(၅)ဘတ်အား လှူဒါန်းရာ သီရိကျောင်းထိုင်းကိုယ်တော်မှ လက်ခံရယူပြီး ဖာသာစိုးသိန်း မှ ကျေးဇူး တင်စကားနှင့် ဆုတောင်းမင်္ဂလာစကား ချီးမြှင့်ပြောကြားပြီးခဲ့သည်။

IMG_4913

ထို့နောက် အလှူရှင် ဒေါ်တင်မေထွန်းမှ ယနေ့ ကွင်းဆင်းလာရောက်ခြင်းအား ရှင်းလင်း ပြောကြားပြီး နှစ်သစ်မင်္ဂလာစကားပြောကြားခဲ့သည်။

ပြည်နယ်ပါတီကော်မတီဝင်နှင့်အဖွဲ့သည် သည် အောင်လှိုင်သင်းကျေးရွာရှိ ပါတီခေါင်းဆောင် များနှင့်လည်းကောင်း တာလေမြို့နယ် စည်းရုံးရေးတာဝန်ခံ ဦးခင်မောင်လတ်နှင့် လည်းကောင်း၊ ရန်ကင်ကျေးရွာ ရပ်မိ-ရပ်ဖများနှင့်လည်းကောင်း သွားရောက်တွေ့ဆုံ၍ နှစ်သစ်ကူး လက်ဆောင်များ အမှတ်တရပေးအပ်ခဲ့ခြင်း၊ အသက်(၉၈)နှစ်ရှိ အဘွား ဒေါ်နန်းထံသွားရောက်ပြီး အလှူငွေနှင့် ကန်တော့ခြင်း၊ တာလေမြို့နယ် မယ်ပိန်းရွာနှင့် နားအွန်ရွာကြားတွင် ပါတီဝင် ဦးမိုးကျော် စိုက်ပျိုးထားသော ကြယ်ပဲစိုက်ခင်းသို့ သွားရောက် လေ့လာခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရ သည်။

တာချီလိတ်ပြည်ခိုင်ဖြိုး

 


Leave a Reply