ပါတီ၏နိုင်ငံရေးပုံရိပ်ကိုထိခိုက်အောင်မမှန်မကန်ပြောဆိုရေးသားနေသော လူပုဂ္ဂိုလ်နှင့်ဂျာနယ်များအားဥပဒေနှင့်အညီအရေးယူဆောင်ရွက်မည်

သမ္မတဟောင်း ဦးသိန်းစိန်နှင့်အဖွဲ့ အလွဲသုံးသည့်ကန်ဒေါ်လာသန်း ၈ဝကျော်ဖော်ထုတ်အရေးယူပေးရန် ကျောက်မျက်လုပ်ငန်းရှင်များ တောင်းဆိုခေါင်းစဉ်ဖြင့် သတင်းရေးသားဖော်ပြခဲ့ပြီး အဆိုပါသတင်းထဲတွင် မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းချုပ်ရန်ပုံငွေ ထဲမှ အမေရိကန်ဒေါ်လာသန်း ၈ဝ ကျော်အား ယခင်သမ္မတဟောင်းဦးသိန်းစိန်နှင့် အစိုးရအဖွဲ့ဝင်ဟောင်းများမှ အသင်းချုပ်တာဝန်ရှိသူများနှင့် ပူးပေါင်း ကာ အလွဲသုံးစားမှုပြုလုပ်ခဲ့ကြောင်း၊ အသင်းဖွံ့ဖြိုးရေးနှင့်မဆိုင်သော အနုပညာဦးစီးဌာနအတွက်ဟုဆိုကာ သမ္မတဟောင်းဦးသိန်းစိန်ကို အမေရိကန်ဒေါ်လာ ခုနစ်သန်းထုတ်ပေးလိုက်ရကြောင်း အသင်းချုပ် ၏အလုပ်အမှုဆောင်ဦးကျော်ကျော်ဦးက ဥပဒေရေးရာနှင့်အထူးကိစ္စ ရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်သို့တိုင်ကြားခဲ့ကြောင်း ကို ၂၈-၅-၂ဝ၁၆ ရက်နေ့ထုတ် မြန်မာသံတော်ဆင့်ဂျာနယ်မှ ဖြစ်စဉ် အား သေချာစွာစိစစ်မှုမရှိဘဲ မဟုတ်မမှန်ရေးသားဖော်ပြခဲ့ကြောင်း တွေ့ရှိရပါသည်။

၎င်းရေးသားဖော်ပြချက်များသည် အထောက်အထားခိုင်လုံတိကျ သေချာရေရာခြင်းမရှိသည့်အပြင်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌဦးသိန်းစိန်အား အသရေဖျက်လိုခြင်း၊ ထိခိုက်နစ်နာအောင် ပြုလုပ်လိုခြင်း၊ ပြည်သူလူထုထင်ယောင်ထင်မှားဖြစ်အောင် ရေးသား ဖော်ပြခြင်းဖြစ်သည့်အပြင် ထိုသို့မမှန်မကန်ရေးသားဖော်ပြချက်များ သည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ တာဝန်ထမ်း ဆောင်နေသူ ဦးသိန်းစိန်အား ဂုဏ်သိက္ခာထိခိုက်ကျဆင်းအောင်ပြု လုပ်ခြင်းဖြစ်ယုံသာမက ပါတီအောင်နိုင်ရေးအတွက် ပါတီအား ပြင်ဆင်ဖွဲ့စည်းရေးဆောင်ရွက်နေသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ နိုင်ငံရေးပုံရိပ်ကိုလည်း ထိခိုက်အောင်ပြုလုပ်ခြင်း ဖြစ်ကြောင်း တွေ့ရှိရပါသည်။
သို့ဖြစ်ပါ၍ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ တာဝန်ထမ်းဆောင်နေသူ ဦးသိန်းစိန်အား ဂုဏ်သိက္ခာထိခိုက်ကျဆင်း စေရန်နှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ နိုင်ငံရေးပုံရိပ် ထိခိုက်အောင် မမှန်မကန်ရေးသားဖော်ပြခဲ့သည့် မြန်မာသံတော်ဆင့် ဂျာနယ်မှတာဝန်ရှိသူများ၊ ထပ်မံ၍မမှန်မကန်ဖော်ပြခဲ့သည့် မက်ဆင် ဂျာ ဂျာနယ်မှတာဝန်ရှိသူများ၊ သက်သေအထောက်အထားများ ခိုင်လုံ တိကျမှုမရှိဘဲ မဟုတ်မမှန်ရေးသားတိုင်ကြားခဲ့သည့် ကျောက်မျက် ရတနာလုပ်ငန်းရှင်များအသင်းချုပ်၏ အလုပ်အမှုဆောင် ဦးကျော် ကျော်ဦးနှင့်နောက်ကွယ်မှ အစီအစဉ်ရှိရှိ ကြိုးကိုင်ဆောင်ရွက်ခဲ့သူ များအားဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နိုင်ရေး ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

Union daily


Leave a Reply