မြိတ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ မြို့နယ် /ရပ်ကျေး မျက်နှာစုံညီ ပုံမှန်အစည်းအဝေး ပြုလုပ်

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မြို့နယ်/ရပ်ကျေးပါတီ ပုံမှန် မျက်နှာစုံညီအစည်းအဝေးကို နိုဝင်ဘာ (၇) ရက် နေ့လည်ပိုင်းက ကျင်းပပြုလုပ်ရာ ဗဟိုကော်မတီဝင်၊ မြိတ်မြို့နယ် ပါတီ ဥက္ကဌ ဦးမိုးမြင့်နှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်ကွက်နှင့်ကျေးရွာအသီးသီးမှ ပါတီစည်းရုံးရေးမှူးများ နှင့် အမာခံပါတီဝင်များ တက်ရောက်ခဲ့ကြသည်။

14917092_1250965081592359_6377520951271140498_o

အစည်းအဝေးတွင် မြို့နယ်ပါတီဥက္ကဌဦးမိုးမြင့်က ပါတီရှေ့လုပ်ငန်းစဉ်များနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ အရှိန် အဟုန်မပျက် ဆောင်ရွက်နိုင်ရေးဆိုင်ရာကိစ္စများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့သည်။

ထို့နောက်ရပ်ကွက် ကျေးရွာစည်းရုံးရေးမှူးများနှင့် ပါတီဝင်များက မိမိတို့ တာဝန်ယူဆောင်လျက်ရှိသည့် နယ်မြေ​၊ ကျေးရွာ၊ ရပ်ကွက်အသီးသီး၌ ပါတီလုပ်ငန်းစဉ်များ ဆောင်ရွက်ထားရှိမှုအခြေအနေနှင့် လုပ်ငန်းလိုအပ်ချက်တို့ကို ရင်းနှီးပွင့်လင်းစွာ တင်ပြဆွေးနွေးခဲ့ကြကာ တင်ပြချက်များအား မြို့နယ်ပါတီဥက္ကဌ ဦးမိုးမြင့်က ပြန်လည်ရှင်း ဆွေးနွေးပေးခဲ့ပြီး ပါတီလုပ်ငန်းစဉ်များအတွက် လိုအပ်ချက်သေးစိပ် အချက်အလက်များကို လမ်းညွန်အကြံပြု ချက်များ ချမှတ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

Kyaw linn


Leave a Reply