ကြားဖြတ်ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းမိတ်ဆက်

 

အမည်………………………….-.ဦးစိုင်းရွှေမှုံ(ခ)ဦးစိုင်းလိတ်
ပါတီ…………………………….-.ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ
ပညာအရည်အချင်း…………… -.ဒသမတန်း
ဝင်ရောက်ယှဉ်ပြိုင်မည့်……….-.ကျေးသီးမြို့နယ် အမှတ်(၁) မဲဆန္ဒနယ်
မဲဆန္ဒနယ်………………………..ရှမ်းပြည်နယ် ပြည်သူ့လွှတ်တော်
…………………………………….ကိုယ်စားလှယ်လောင်း
==================================

ဦးစိုင်းရွှေမှုံ(ခ) ဦးစိုင်းလိတ်၏ ကိုယ်ရေးအကျဉ်း
==================================

၁၉၅၂ခုနှစ်တွင် ကျေးသီးမြို့ ဟော်ကုန်းရပ်ကွက်တွင် မွေးဖွားခဲ့သည်။ ရှမ်းလူမျိုး ဗုဒ္ဓဘာသာ ကိုးကွယ်သူဖြစ်သည်။ ကျေးသီးမြို့နယ် ဟော်ကုန်းရပ်ကွက်တွင် နေထိုင်လျက်ရှိသည်။
ဆောင်ရွက်ခဲ့သောအဖွဲ့အစည်းနှင့်လူမှုရေးလုပ်ငန်းများ
၁၉၆ဝပြည့်နှစ်မှ ၁၉၇၂ခုနှစ်အထိ ကျောင်းသားဘဝ၊ ၁၉၇၃ခုနှစ်မှ ၁၉၇၆ခုနှစ်အထိ အမက ဝမ်ခုန့်ကျေးရွာတွင် မူ/ပြ၊ ၁၉၇၆ခုနှစ်မှ ၁၉၈၄ခုနစ်အထိ ဝမ်ခုန့်ကျေးရွာ သ/မ အသင်းဆိုင်တာဝန်ခံ၊ ၁၉၈၄ခုနှစ်မှ ၁၉၈၈ခုနှစ်အထိ မြို့နယ် သ/မဥက္ကဋ္ဌ တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၈၈အထိ မြို့နယ် သ/မဥက္ကဋ္ဌတာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၈၈ခုနှစ်မှ ယနေ့တိုင် အရောင်းအဝယ်လုပ်ငန်းများလုပ် ကိုင်လျက်ရှိသည်။
လူမှုရေးလုပ်ငန်းများအနေဖြင့် ရှမ်းစာပေနှင့် ယဉ်ကျေးမှုအသင်းလှုပ်ရှားမှုများ တွင် ပါဝင်ဆောင်ရွက်လျက်ရှိသည်။ ၂ဝဝ၄ခုနှစ်မှ ၂ဝဝ၇ခုနှစ်အထိ ကျင်းပခဲ့သော အမျိုးသား ညီလာခံသို့ ကျေးသီးမြို့နယ်ကိုယ်စားလှယ်အဖြစ် တက်ရောက်ခဲ့သည်။ မြို့နယ်/ရပ်ကွက် သာရေး/နာရေးများတွင် ပါဝင်ဆောင်ရွက်လျက်ရှိသည်။
***အမှန်တကယ်ပြောင်းလဲဖို့ ပြည်ခိုင်ဖြိုးကိုမဲပေးစို့။**

Union daily