ပါတီရှေ့ဆက်လုပ်ကိုင်ဆောင်ရွက်သွားရမည့်လုပ်ငန်းစဉ်များအား ရှင်းလင်း

 

ရခိုင်ပြည်နယ် ဂွမြို့နယ် ကျိန္တလီမြို့နယ်ခွဲ ပြည်ခိုင်ဖြိုးပါတီ ရုံး အစည်းအဝေးခန်းမအတွင်း၌ ၂၀၁၇ ဇန်န၀ါရီ (၂) ရက် မွန်းတည့် ၁၂နာရီက ပြည်နယ်အတွင်းရေးမှူးနှင့် ကျိန္တလီမြို့ နယ်ကော်မတီဝင်များ၊ အရန်ကော် မတီဝင်များ၊ရပ်/ကျေးခေါင်းဆောင်များ တွေ့ဆုံခဲ့ကြသည်။

တွေ့ဆုံကြရာ၌ ပြည်နယ်အတွင်းရေးမှူး ဦးသန်းဝေ က မြို့နယ်ပါတီအနေဖြင့် ရှေ့ဆက် လုပ်ကိုင် ဆောင်ရွက်သွားရမည့် ပါတီလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ရှင်းလ င်းပြောကြားခဲ့သည်။

ယင်းနောက် ပြည်နယ်ကော်မတီဝင် ဒေါ်ခိုင်ဇင်ဦး (ဂွမြို့နယ် တာဝန်ခံ)မှ ကျိန္တလီမြို့နယ်ပါတီ ရုံးတွင် ပါတီလုပ်ငန်းများတွင် ကျယ်အောင် လုပ်ဆောင်သွားကြ ရန်လိုအပ်လျက်ရှိရာ မီဒီယာသင်တန်း၊ စက်ချုပ်သင်တန်း၊ ပန်းအလှ ပြင်သင်တန်း၊ ဆပ်ပြာအရည်ပြုလုပ်နည်း သင်တန်းတွေအပြင်ဒေသ နှင့်ကိုက်ညီမည့် သင်တန်းများကို ဖွင့်လှစ်သင်ကြားပေးသွားရန် စီစဉ်ထားရှိကြောင်း၊ယင်းသင်တန်းများကို ပါတီဝင်လူငယ်များသာမက အပြင်မှ စိတ်ပါဝ င်စားသူလူငယ်များအနေဖြင့်လည်း လာရောက်တက် ရောက်နိုင်ကြောင်း၊ မိမိတို့၏အနီး အနားပတ်ဝန်းကျင်မှ လူငယ်များအားလည်း အသိပေးထားကြရန် ရှင်းလင်းပြောကြား ခဲ့ကြသည်။

ဆက်လက်၍ သံတွဲခရိုင်ပါတီ တာဝန်ခံ၊ ကျိန္တလီမြို့နယ်ပါတီ တာဝန်ခံ ဦးဘသန်းက မြို့နယ်ပါတီ၏ လုပ်ဆောင်ထားရှိမှုကဏ္ဍရပ်များအား ရှင်းလင်းတင်ပြဆွေးနွေးကာ တက်ရောက်လာကြသော မြို့နယ်ကော်မတီဝင်များ၊ ရပ်/ကျေး ခေါင်းဆောင်များမှ မိမိတို့၏တာဝန်များကို လုပ်ဆောင်ရာ၌ တွေ့ကြုံနေ ရသော အခက်အခဲများအား ရှင်းလင်း တင်ပြမေးမြန်းခဲ့ကြရာ ဦးသန်း ဝေနှင့်ဒေါ်ခိုင်ဇင်ဦးတို့က ပြန်လည်ညှိနှိုင်းဖြေရှင်းခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ဗဟိုကော်မတီဝင် ပြည်နယ်ပါတီအတွင်းရေး မှူး ဦးသန်းဝေ၊ပြည်နယ်ကော်မတီ ဝင် ဒေါ်ခိုင်ဇင်ဦးနှင့် မြို့နယ်ကော် မတီဝင်များ၊ ရပ်/ကျေး ပါတီခေါင်းဆာင်များ စုစုပေါင်း ၃ဝခန့် တက် ရောက်ခဲ့ကြသည်။

နေချိုသွေး