မြိတ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ မျက်နှာစုံညီအစည်းအဝေးနှင့် ကော်မတီ ပြန်လည်ရွေးခြယ်ပွဲကျင်းပ
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ မျက်နှာစုံညီ အစည်းအဝေးကို ယခုလ (၂၈)ရက်နေ့ နံနက်ပိုင်းတွင် မြိတ်မြို့ ပြည်ခိုင်ဖြိုးပါတီရုံး အစည်းအဝေး ခန်းမဆောင်တွင် ကျင်းပ ပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် သဘာပတီကြီးမှ အဖွင့်အမှာစကားပြောကြားကာ မြိတ်မြို့နယ် ပြန်လည် ရွေးချယ် ရေးကော်မတီအဖွဲ့တာဝန်ခံ အဖွဲ့ ခေါင်းဆောင် ဦးဝင်းဆွေ (၀န်ကြီး-ငြိမ်း) က ရွေးချယ်တင်မြောက်ပွဲနှင့် ပတ်သက်၍ ဖတ်ကြားရှင်းလင်းခဲ့သည်။
ထို့နောက် ရွေးချယ်တင်မြောက်ရေးလုပ်ငန်းစဉ်ကို အစုအဖွဲ့ (၄) ခုခွဲ၍ ဆန္ဒမဲပေးခြင်းစနစ်ဖြင့် ဆက်လက်ကျင်းပဆောင်ရွက်ခဲ့ကြပြီး မဲအရေ အတွက် အနည်းအများအလိုက် အရွေးချယ်ခံ ပါတီဝင်များ၏ အမည်စာရင်း များကို အတည်ပြုချက်ရယူကာ ပြန်လည် ရွေးချယ်ရေးကော်မတီအဖွဲ့ တာဝန်ခံ အဖွဲ့ခေါင်းဆောင် ဦးဝင်းဆွေ (၀န်ကြီး-ငြိမ်း) က ဆန္ဒမဲပေးစနစ်ဖြင့် ရွေးချယ်ခံရသည့် မြို့နယ်ကော်မတီဝင်အသစ်နှင့် အရန်မြို့နယ်ပါတီကော်မတီ အသစ်များ၊ မြို့နယ်ပါတီဥက္ကဋ္ဌ၊ အတွင်း ရေးမှူးနှင့် ဘဏ္ဍာရေးမှူး စသည့် အရွေးချယ်ခံရသည့် ပါတီဝင်ကိုယ်စားလှယ်များ၏ အမည် စာရင်းများ ဖတ်ကြားအတည်ပြုကြေငြာ ပေးခဲ့သည်။
ယင်းနောက် ရွေးချယ်ခံရသည့် မြို့နယ်ပါတီကော်မတီဝင်အသစ်များနှင့် အရန် မြို့နယ်ပါတီကော်မတီ ၀င်များက ကတိသစ္စာပြုခြင်းကို ဆောင်ရွက် ခဲ့ပြီး သဘာပတိကြီးမှ နိဂုံးချူပ်အမှာစကား ပြောကြား ကာ အခမ်းအနားကို ကြွေးကြော်သံများဖြင့် ရုပ်သိမ်းခဲ့သည်။
ပြည်ခိုင်ဖြိုးပါတီ“မြိတ်”