သာယာဝတီပြည်ခိုင်ဖြိုးပါတီ မျက်နှာစုံညီစည်းဝေး ဗဟိုအလုပ်အမှုဆောင် ဦးသန်းဌေး တက်ရောက်အမှာစကား ပြောကြား

ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)၊ သာယာဝတီမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မျက်နှာစုံညီ အစည်းအဝေးကို မြို့နယ်ပါတီရုံး ရွှေသီဟခန်းမ၌ ဇွန် (၂၈) ရက် နံနက် (၉) နာရီက ကျင်းပရာ ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင် ဦးသန်းဌေးတက် ရောက်၍ သဘာပတိအဖြစ် ဆောင်ရွက်ခဲ့သည်။

TharYarWaddy 7 TharYarWaddy 1

အစည်းအဝေးသို့ ပါတီဗဟိုကော်မတီဝင် ဦးသန်းဌေး၊ တိုင်း ဒေသကြီး ပါတီအတွင်းရေးမှူး ဦးအောင်ချိုဦး၊ တိုင်းဒေသကြီး ပါတီကော်မတီဝင်များ၊ ခရိုင်ပါတီ အတွင်းရေးမှူး ဦးသိန်းဇော်၊ ခရိုင်ပါတီကော်မတီဝင်များ၊ မြို့နယ်ပြန် လည်ပြင်ဆင်ရွေးချယ်ရေးကော်မတီဝင်များ၊ မြို့နယ်ပါတီကော်မတီဝင်များ၊ ဖိတ်ကြားထားသော ဧည့် သည်တော်များအပါအဝင် စုစုပေါင်း အင်အား (၁၈ဝ) ခန့် တက်ရောက်ခဲ့သည်။

ရှေးဦးစွာ သဘာပတိ ဗဟိုကော်မတီဝင် ဦးသန်းဌေးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး တိုင်းဒေသကြီး အတွင်းရေးမှူးဦးအောင်ချိုဦးက ရွေးချယ်မှု လုပ်ထုံးလုပ် နည်းများကို ရှင်းလင်းပြောကြားခဲ့သည်။ သာယာဝတီမြို့နယ်ပါတီအတွက် မြို့နယ်ကော်မတီဝင်သစ် ၁၅ဦးနှင့် အရန်မြို့နယ်ပါတီကော်မတီဝင်သစ် ၁၅ဦး စုစုပေါင်း ကော်မတီဝင် (၃ဝ) တို့ကို စိစစ်ရွေး ချယ်ခြင်း လုပ်ငန်းစဉ်အဆင့်ဆင့်ဖြင့် စိစစ်ရွေးချယ်ခဲ့သည်။

ယင်းနောက် သာယာဝတီမြို့ နယ် ပါတီမျက်နှာစုံညီအစည်းအဝေးကို ဆက်လက်ကျင်းပပြီး မြို့နယ်ပါတီကော်မတီဝင်အသစ် (၁၅) ဦးတို့၏ အမည်စာရင်း ကြေညာခြင်း၊ ကတိသစ္စာပြုခြင်း၊ ပါတီတာဝန်ပေးအပ်ခြင်းတို့ကို ဆောင်ရွက်၍ အစုအဖွဲ့စာတမ်းဖတ်ကြားခြင်းများကို ပါတီဝင်များက ဖတ်ကြားတင်ပြခဲ့ပြီး ခရိုင်ပါတီ အတွင်းရေးမှူး ဦးသိန်းဇော်က အစုအဖွဲ့စာတမ်းများ ဆွေးနွေး တင်ပြခြင်းအပေါ် ပြန်လည်ဆွေးနွေးခဲ့သည်။

အခမ်းအနားကို မွန်းလွဲ၂နာရီ တွင် ကြွေးကြော်သံများဖြင့် ရုပ် သိမ်းခဲ့သည်။

 


Leave a Reply