ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဗဟိုဦးဆောင်ကော်မတီသူရဦးအေးမြင့် ခရိုင်နှင့်မြို့နယ်အဆင့်ကော်မတီဝင်များနှင့်တွေ့ဆုံပွဲ ထီးချိုင့်မြို့၌ကျင်းပ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ဗဟို)ဦးဆောင် ကော်မတီ သူရဦးအေးမြင့်နှင့်ခရိုင် အဆင့်၊ မြို့နယ်အဆင့် ကော်မတီ ဝင်များ ရပ်ကွက်ကျေးရွာစည်းရုံး ရေးမှူးများ တွေ့ဆုံပွဲအခမ်းအနား ကို ယခုလ ၁၈ ရက် နံနက် ၁၁ နာရီ ၄၅ မိနစ်က ထီးချိုင့်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အခမ်းအနားတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီ(ဗဟို)ဦးဆောင်ကော်မတီ သူရဦးအေးမြင့်က လူထုအကျိုးပြု လုပ်ငန်းများ၊ စည်းရုံးရေးလုပ်ငန်း များကို လမ်းညွှန်အမှာစကားပြော ကြားခဲ့သည်။

ထို့နောက် ထီးချိုင့်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီဥက္ကဋ္ဌဦးစိန်ကြိုင်က မြို့ နယ်အတွင်း ဆောင်ရွက်လျက်ရှိ သော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ပရဟိတလုပ်ငန်းများအကြောင်း တင်ပြခဲ့သည်။
အဆိုပါတွေ့ဆုံပွဲသို့ စစ်ကိုင်း တိုင်းဒေသကြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဒေါက်တာမြင့်သိန်းနှင့်ကော်မတီ ဝင်များ၊ ကသာခရိုင်ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးထွန်းအောင်ဝင်းနှင့် ကော်မတီ ဝင်များ၊ထီးချိုင့်မြို့နယ်ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးစိန်ကြိုင်နှင့် ကော်မတီများ၊ ရပ်ကွက်၊ကျေးရွာစည်းရုံးရေးမှူးများ တက်ရောက်ခဲ့ကြောင်းသိရသည်။

ကျော်ခဲ(ထီးချိုင့်)