ကော့မှူးမြို့နယ်ပြည်ခိုင်ဖြိုးကိုယ်စားလှယ်လောင်း ကျေးရွာအရောက် ပါတီအောင်နိုင်ရေးအလံပေးအပ်

ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးကျော်ဇင်ဟိန်းနှင့်အဖွဲ့သည် ဖေဖော်ဝါရီ (၂၀) ရက် နံနက် ၉ နာရီမှစ၍ ကော့မှူးအနောက်ခြမ်းဒေသ ဝါးသင်္ခကျေးရွာ၊ မှော်တောကျေးရွာ၊ ပုပ္ပားကျေးရွာများရှိ ဒေသခံပြည်သူတို့ထံ တစ်အိမ်ဝင်တစ်အိမ်ထွက် ကိုယ်စားလှယ်မိတ်ဆက်လက်ကမ်း စာစောင်များ လိုက်လံဝေငှခဲ့ပြီး ပါတီအောင်နိုင်ရေးအလံများ ပေးအပ်ခဲ့ရာ အဆိုပါခရီးစဉ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီ ဗဟိုကော်မတီဝင် ဦးသာဝင်း၊ ဗဟိုကော်မတီဝင် ဒေါ်အေးမင်းမိုး၊ ရန်ကုန်တောင်ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးလွင်ဦးတို့က ဦးဆောင်၍ ဒလမြို့နယ်၊ ဆိပ်ကြီးခနောင်တို မြို့နယ်၊ ကွမ်းခြံကုန်းမြို့နယ်၊ မြို့နယ်ကော်မတီများ၊ ကော့မှူး မြို့နယ် မြို့နယ်ပါတီကော်မတီများ၊ ကျေးရွာပါတီခေါင်းဆောင်များ စုပေါင်းဝန်းရံအင်အား ၉ဝ ကျော်တို့ဖြင့် တက်ကြွစွာဆောင်ရွက်ခဲ့ ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ဒေသခံပြည်သူတို့မှ လှိုက်လှဲစွာ ကြိုဆိုကြကြောင်း သိရသည်။

မြတ်ဟိန်းကျော်(ကော့မှူး)