သတ္တုကိုယ်ထည်နဲ့ထွက်ရှိလာမယ့် LG G6

LG ရဲ့ flagship ဖုန်းတစ်လုံးဖြစ်တဲ့ G6 ဖုန်းကတော့ မကြာခင်မှာ ထွက်ရှိလာတော့မှာပဲဖြစ်ပါတယ်။ ထောင့်ကျယ်တွေကို ရိုက်ကူးနိုင်တဲ့ ကင်မရာအမိုက်စားတွေအပြင် ရေစိုခံနိုင်စွမ်းပါဝင်လာမယ့် သတ္တု ကိုယ် ထည်ဆိုတာတွေက G6 ဖုန်းအတွက် စိတ်လှုပ်ရှားမှုအဆင့် အမြင့်ဆုံးကို ရောက်ရှိလာစေခဲ့တာ ဖြစ်ပါတယ်။

LG နဲ့ဆို Life’s Good ဆိုတဲ့ ဆောင်ပုဒ်လိုမျိုးပဲ LG ရဲ့ ဖုန်းတွေနဲ့ တက်ဘလက်တွေအပြင် တစ်ခြားသော အရာတွေနဲ့ ဘဝကို အကောင်းဆုံးဖန်တီးပေးနိုင်ဖို့ ဆန္ဒရှိနေတယ်လို့ LG က ကြေညာ ထားပါတယ်။

အရင်ဆုံးမှာတော့ LG G6 ကို S7 လိုမျိုး ဖန်ကိုယ်ထည်နဲ့ ထွက်လာနိုင်တယ်လို့ အစပိုင်းသတင်းတွေ ထွက်ခဲ့ ပေမယ့်လည်း ထွက်ပေါ်လာတဲ့ ဓာတ်ပုံတွေအရတော့ အပွန်းအပဲ့ဒဏ်နဲ့ အစင်းရာ ဒဏ်တွေကို ပိုမိုခံနိုင်ရည်ရှိတဲ့ သတ္တုကိုယ်ထည်ကို အသုံးပြုသွားဖွယ်ရှိလာခဲ့တာဖြစ်ပါတယ်။

အခုလို သတ္တုကိုယ်ထည်ဖြစ်လာမယ်ဆိုရင်တော့ ကြိုးမဲ့အားသွင်းစနစ် ပါဝင်လာဖို့ chance နည်းသွား နိုင်ချေရှိ ပါတယ်။ လောလောဆယ်မှာတော့ ဘယ် သတ္တုဖုန်းမှာမှ အားအပြည့် သွင်းနိုင်တဲ့ အထိ ကြိုးမဲ့စနစ်ကို မသုံးသေး လို့ပဲဖြစ်ပါတယ်။

LG ကတော့ ဒီစိန်ခေါ်မှုတွေကို ကျော်ပြီး သတ္တုကိုယ်ထည်နဲ့ကြိုးမဲ့အားသွင်းစနစ် နည်းပညာကို အကောင်းဆုံး ဖန်တီးသွားမလားဆိုတာကတော့ စိတ်ဝင်စားစရာပဲဖြစ်ပါတယ်။