တက်စလာ လျှပ်စစ်ကားများကို ၂၀ ရာခိုင်နှုန်း ဈေးလျှော့ရောင်း

အမေရိကန်နိုင်ငံတွင် အခြေစိုက် ထုတ်လုပ်နေသည့် လျှပ်စစ်မော်တော်ကားများကို ကမ္ဘာတစ်ဝန်းသို့ လျှော့ဈေးဖြင့် ရောင်းချပေးနေပြီဖြစ်ကြောင်းသိရသည်။

အမေရိကန်ကုမ္ပဏီထုတ် လျှပ်စစ်မော်တော်ကားများကို လက်ရှိပေါက်ဈေးထက် ၂၀ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးမည်ဖြစ်ပြီး ကားမော်ဒယ်အလိုက် ဝယ်ယူမည့် နိုင်ငံအလိုက် ၂၀ ရာခိုင်နှုန်းထက် ပိုမိုသည့် လျှော့ဈေးများလည်း ရှိမည်ဖြစ်ကြောင်း ယင်းကုမ္ပဏီက ကြေညာထားသည်။

လက်ရှိအချိန်တွင် ကမ္ဘာတစ်ဝန်းသို့ တရုတ်နိုင်ငံထုတ် လျှပ်စစ်မော်တော်ကားများ ကျယ်ကျယ်ပြန့် ပြန့် တင်ပို့ရောင်းချနေရာ အမေရိကန်ကုမ္ပဏီလုပ် တက်စလာလျှပ်စစ်မော်တော်ကားများကို ဈေးကွက်ချဲ့ထွင်လာပြီး ၂၀၂၃ ခုနှစ်တွင် တက်စလာလျှပ်စစ်မော်တော်ကားအစီးရေ နှစ်သန်း ရောင်းချနိုင်ရန် မျှော်မှန်းထားကြောင်း သိရသည်။

-Ref: Reuters