လွတ်လပ်ရေးနေ့၌မွေးဖွားသော ကလေးငယ်နှစ်ဦးအား ခင်ဦးမြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ ဂုဏ်ပြုချီးမြှင့်

 

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘို ခရိုင် ခင်ဦးမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးထွန်းမြင့်၊အတွင်းရေးမှူး ဦးဇော် မင်းနှင့် အလုပ်အမှုဆောင်ကော်မတီ ဝင်များသည် ယမန်နေ့ မွန်းလွဲ ၁ နာရီက(၆၉)နှစ်မြောက် လွတ်လပ် ရေးနေ့တွင် မွေးဖွားသော ကလေး ငယ်နှစ်ဦးအား ကလေးအသုံး ဆောင်ပစ္စည်းများနှင့်ကလေးပုခက် တစ်ခုစီ ချီးမြှင့်ဂုဏ်ပြုခဲ့ကြကြောင်း သိရသည်။

ကလေးငယ်နှစ်ဦးမှာ ယခုလ ၄ရက် နံနက် ၁ဝနာရီ ၇မိနစ်တွင် ခင်ဦးမြို့နယ် ဗအိုးကျေးရွာနေ တောင်သူ ဦးသိန်းထွန်းအောင်နှင့် ဒေါ်သီတာထွန်းမှ ၆ ပေါင် ၁ဝ အောင်စရှိ သားဦး သမီးရတနာ မွေးဖွားခဲ့သည်။အလားတူ ယခုလ ၄ရက် ည ၇ နာရီ ၂၅ မိနစ်တွင် ခင်ဦးမြို့နယ် စည်ပုတ္တရာ ကျေးရွာ နေတောင်သူ ဦးဝင်းနိုင်နှင့် ဒေါ်စန်း ဝင်းမှ ၉ ပေါင်၎ အောင်စရှိ စတုတ္ထမြောက် သားရတနာကို အောင်မြင်စွာ မွေးဖွားခဲ့ကြသည်။
အဆိုပါ ကလေးငယ်များအား မြို့နယ်ကျန်းမာရေးဦးစီးမှူး ဒေါက်တာကျော်နိုင်ဦးဆောင်၍ လက်ထောက်ဆရာဝန်များနှင့် ကျန်းမာရေးဝန်ထမ်း ဆရာဆရာမ များက ဓမ္မတာအတိုင်းအောင်မြင် စွာမွေးဖွားပေးနိုင်ခဲ့ပြီး ယခုအခါ မိခင်နှင့်ကလေးများပါ ကျန်းမာ ပျော်ရွှင်လျက်ရှိကြကြောင်း သိရ သည်။

စံ(ခင်ဦး)