ရှမ်းပြည်နယ် ( အရှေ့ပိုင်း) ပြည်ခိုင်ဖြိုးပါတီ ကော်မတီဝင်များမှ အခက်အခဲကြုံတွေ့နေရသည့် ဒေါ်ဘရူ့ မိသားစုအတွက် လစဉ်ထောက်ပံ့ကြေး ဘတ် ( ၂၀၀၀) အား ပေးအပ်

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင်၊ ရှမ်း(အရှေ့) ပြည်နယ်ပါတီကော်မတီဝင် ဒေါ်တင်မေထွန်း၊ မြို့နယ်ကော်မတီဝင် ဦးစိုးကျော်အောင်၊ အရံမြို့နယ်ကော်မတီဝင် ဦးဘိုဘိုမောင်၊ သံသာမိခင်ဥက္ကဋ္ဌ ဒေါ်နန်းပီယာရီ၊ အတွင်းရေးမှူးဒေါ်လော်ရို၊ မိခင်အသင်းအဖွဲ့ဝင်များနှင့်အတူ (၁၉-၃-၂၀၁၇) ရက်နေ့တွင် တာလေမြို့၊ အောင်လှိုင်သင်းကျေးရွာသို့သွားရောက်၍ ဖခင်ကွယ်လွန်ခဲ့ပြီး သား/သမီး လေး (၅) ဦးနှင့်အတူ အခက်အခဲကြုံတွေ့နေသည့် ဒေါ်ဘူရူ့နှင့် ကျောင်းနေ အရွယ်သမီး (၄) ဦး၊ နို့စို့အရွယ် သမီး (၁) ဦးဖြင့် မိခင်တို့အား ကျေးရွာ သူကြီး၊ ရပ်မိ/ရပ်ဖတို့နှင့် အတူ တွေ့ဆုံအားပေးစကားပြောခြင်း ၊ ဗဟိုကော်မတီဝင် ဒေါ်တင်မေထွန်းမှ ၎င်းတို့မိသားစုအတွက် လစဉ်ထောက်ပံ့ ကြေး ဘတ် (2000) အား ပေးအပ်ခြင်း၊ ကလေးများ၏ ပညာရေး၊ ကျန်းမာ ရေးကိစ္စများကို သံသာမိခင်အဖွဲ့ဖြင့် အသေးစိပ်တိုင်ပင်ဆွေးနွေးပြီး မိခင်နှင့် ကျေးရွာတို့ သဘောတူညီချက်ဖြင့် ရှေ့နှစ်ပညာသင်မှ စ၍ တာဝန်ယူနိုင်ရေး ကိစ္စများ ညှိနှိုင်းခဲ့ကြကြောင်း သတင်းရရှိပါသည်။