ဒုတိယအကြိမ်ပါတီညီလာခံကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဒဂုံမြောက် ပြည်ခိုင်ဖြိုး စေတီတော်အထူးသန့်ရှင်းရေး ဆောင်ရွက်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယအကြိမ် ပါတီညီလာခံအား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့  သြဂုတ်လ (၂၁) ရက် နံနက်ပိုင်းတွင် ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ပြည်ကြီးချမ်းသာမဟာစေတီတော် (မြို့ဦးစေတီတော်) တွင် အထူးသန့်ရှင်းရေးလုပ်အားပေးပွဲ ကျင်းပပြုလုပ်ခဲ့ကြသည်။

14064227_861450723988341_4946975730191947710_n

အဆိုပါ အထူးသန့်ရှင်းရေးလုပ်အားပေးပွဲသို့ ခရိုင်ပါတီကော်မတီဝင် (ဒဂုံမြောက်ပိုင်းမြို့နယ် နယ်မြေတာဝန်ခံ) ဒေါ်ဇာခြည်လင်း၊ မြို့နယ်ပါတီအတွင်းရေးမှုး ဦးသန်းစိုး၊ မြို့နယ်ကော်မတီဝင်များဖြစ်ကြသည့် ဦးမင်းဇော်ဦး၊ ဒေါ်ဝင်းဝင်းအောင်၊ ဦးကျော်ထင်၊ ဦးခင်ညွန့််၊ ဦးဝင်းမင်းထွန်း၊ ဦးဇေယျာမင်းသွင်၊ ဒေါ်မာလာရည်လွင်၊ ဒေါ်တင်တင်အေး ဦးမြင့်ဦး တို့နှင့် ရပ်ကွက်အသီးသီးမှ ပါတီအဆင့်ဆင့်တာဝန်ရှိသူများက လုပ်အားဒါနပေးလှူခြင်းကို တက်ကြွစွာ ဆောင်ရွက်ခဲ့ကြသည်။

14089188_861450627321684_7068915912232494175_n

လုပ်အားဒါနပေးလှူကြရာတွင် စေတီတော်အထက်ပစ္စယံ သန့်ရှင်းရေးကို ပါတီအဆင့်ဆင့်မှ ပါတီဝင် အမျိုးသားများက လည်းကောင်း၊ ရင်ပြင်တော်နှင့် ဂြိုလ်တိုင်များ သန့်ရှင်းရေးကို အမျိုးသမီးပါတီဝင်များကလည်းကောင်း၊ ဘုရားဝင်း ပေါင်းမြက်များရှင်းလင်းခြင်းကို ပါတီဝင်ထုတစ်ရပ်လုံး ပူးပေါင်းအင်အားဖြင့်လည်းကောင်း ကုသိုလ်ယူဆောင်ရွက်ကြ ခြင်းဖြင့် ဒုတိယအကြိမ် ပါတီညီလာခံကြီး အောင်မြင်ပါစေကြောင်းနှင့် နိုင်ငံတော်နှင့် ပြည်သူများအကျိုး ဆထက်ပိုး တာဝန်ယူ ဆောင်ရွက်ခွင့်ရနိုင်ပါစေကြောင်း ဆန္ဒပြုရည်သန်ဆောင်ရွက်ခဲ့ကြသည်။

Yangon Regional Union Solidarity Development Party Campaign and Activities 


Leave a Reply