ချင်းပြည်နယ် ပြည်ခိုင်ဖြိုးပါတီ ပြည်နယ်အဆင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
ချင်းပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ (၁/၂ဝ၁၆)ပြည်နယ်အဆင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယခုလ ၁၅ ရက်နံနက် ၈နာရီခွဲတွင် ဟားခါးမြို့နယ်ရှိ ပြည်နယ်ပါတီရုံးတွင် စတင်ကျင်းပပြီး အစည်းအဝေးသို့ ပါတီဗဟိုအတိုင်ပင်ခံ ချင်းပြည်နယ် တာဝန်ခံ ဦးဟုန်းငိုင်း၊ ပြည်နယ်ပါတီဥက္ကဋ္ဌ ဒေါက်တာမှုထန်၊ ပြည်နယ်ပါတီ အတွင်းရေးမှူး ဦးကျုံးဘိခ့်၊ ဘဏ္ဍာရေးမှူး၊ ဗဟိုကော်မတီဝင်များ၊ အရန်ဗဟိုကော်မတီဝင်များ၊ ပြည်နယ် ပါတီကော်မတီဝင်များ၊ မြို့နယ်အလိုက် ပါတီနာယကများ၊ ခရိုင်၊ မြို့နယ်ပါတီဥက္ကဋ္ဌများ စုစုပေါင်း (၃၂) ဦး တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် ပါတီဗဟိုအတိုင်ပင်ခံက အဖွင့်အမှာစကားပြောကြားရာ၌ ပါတီဗဟိုအလုပ် အမှုဆောင်ကော်မတီဥက္ကဋ္ဌ၏ မှာ ကြားချက်၌ပါရှိသော ”မိမိတို့သည် ရွေးကောက်တင်မြှောက် ခံရသူများမဟုတ်ဘဲ၊ ရွေးချယ်တာဝန် ပေးအပ်သူများဖြစ်သည်” ဟူသော အမှာစကားအတိုင်း နှလုံးမူ၍ မိမိတို့ချင်းပြည်နယ်၌လည်း ပါတီပြန်လည် ရွေးချယ်ဖွဲ့စည်းရေးကိစ္စများ ဆောင်ရွက် နေစဉ်အတွင်း မိမိပြည်နယ်၊ ခရိုင်၊ မြို့နယ်များအတွက် သင့်တော်သည့် လုပ်ဖော်ကိုင်ဖက် များကို ရွေးချယ်တာဝန်ပေးအပ်ပြီး ဖြစ်ကြောင်း အကျယ်တဝင့်ပြော ကြားခဲ့သည်။
ဆက်လက်၍ ပြည်နယ်ပါတီဥက္ကဋ္ဌအသစ်က မိတ်ဆက်စကားနှင့် ရှေ့ဆက်ပြီး ပူးပေါင်း ဆောင်ရွက်မည့် ပါတီမူဝါဒများ၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ ပါတီစည်းမျဉ်းများအတိုင်း စည်းရုံးရေးကြိုးစားရန်နှင့် အောင်နိုင်ရေးအတွက် လက်တွဲ ဆောင်ရွက်ရန်များ မှာကြားပြီး ပြည်နယ်အတွင်းရေးမှူးက ပထမအကြိမ် ပါတီညီလာခံမှ ဒုတိယအကြိမ်ပါတီ ညီလာခံအထိ စည်းရုံးရေးလုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေနှင့် ရှေ့ဆက်ဆောင်ရွက်မည့် အစီအမံများကို ဆွေးနွေးတင်ပြခဲ့ကာ ခရိုင်၊ မြို့နယ်ပါတီဥက္ကဋ္ဌများ၊ နာယက များ၊ ဗဟိုကော်မတီဝင်၊ အရန်ဗဟိုကော်မတီဝင်များမှ မိမိဒေသရှိ လက်ရှိ နိုင်ငံရေး အခြေအနေ၊ ပါတီအခြေအနေများကို အသီးသီး ဆွေးနွေးကြကာ အစည်းအဝေးကို မွန်းလွဲ ၃ နာရီခွဲတွင် အောင်မြင်စွာပြီး မြောက်ခဲ့ကြောင်း သိရသည်။
Union daily