ကျိုက်မရော ပြည်ခိုင်ဖြိုးပါတီ ရပ်/ကျေးစည်းရုံးရေး စွမ်းဆောင်ရ ည်မြင့်တင်ရေးသင်တန်းဖွင့်

မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ပြည်ထောင်စုကြံ့စုခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ရပ်ကွက်နှင့် ကျေးရွာများစည်းရုံး ရေးစွမ်းဆောင်ရည်မြင့်တင်ရေးသင်တန်းကို ကျိုက်မရောမြို့နယ် ပြည်ခိုင်ဖြိုးရုံးအစည်းအဝေးခန်းမ၌ ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၅ ရက်နေ့ နံနက် (၉) နာရီအချိန်တွင် ကျင်းပရာ မွန်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဦးဝင်းမော်ဦး မှ တက်ရောက်ဖွင့်လှစ်ပေးခဲ့ပြီး အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးလှထွန်းမှ သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်ဿ ဆွေးနွေးပြောကြားခဲ့သည်။

 

အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားသို့ ပြည်နယ်ပါတီအတွင်းရေးမှူး ဦးဝင်းမော်ဦး၊ ပြည်နယ်ပါတီကော်မတီဝင် ဦးအောင်ကျော်သိန်း၊ ခရိုင်ပါတီဥက္ကဌ ဦးစိုးထွန်း၊ ကျိုက်မရောမြို့နယ်ပါတီဥက္ကဌ ဦးလှထွန်းနှင့် မြို့နယ်ကော်မတီ ဝင်များ၊ ရပ်ကွက်/ကျေးရွာများမှ သင်တန်းသား/သူများ စုစုပေါင်း ၆၅ ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ ၃ ရက်ကြာမြင့်မည်ဖြစ်ကြောင်း သိရှိရသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မွန်ပြည်နယ်