ကိုယ်စားလှယ်လောင်း၏ လက်ကမ်းစာစောင်များ တစ်အိမ်တက်ဆင်း မိတ်ဆက်ပေးအပ်

 

၂၀၁၇ ခုနှစ် ဧပြီလ (၁) ရက်တွင်ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲကျင်းပရန် (၁၇) ရက်သာ လိုတော့သည်ဖြစ်၍ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးပါတီဝင် များသည် မတ်လ (၁၄) ရက်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါက်တာဝင်းမြင့်အောင်၏ ကိုယ်ရေးအကျဉ်း လက်ကမ်းစာစောင်များကို ကြိုးကြာကန်ကျေးရွာ ညောင်ပင်လှကျေးရွာများရှိ မဲဆန္ဒရှင် မိဘပြည်သူများထံ တစ်အိမ်တက်ဆင်း သွားရောက် မိတ်ဆက်ပေးအပ်ခဲ့ကြသည်။

ထိုသို့ တစ်အိမ်တက်ဆင်းဆောင်ရွက်ရာတွင် ယင်းမာပင်ခရိုင်ပါတီဥက္ကဌ ဦးကျော်ဝင်း၊ ပုလဲမြို့နယ်ပါတီ အတွင်းရေးမှူး ဦးအောင်မျိုးဦးနှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ မုံရွာမြို့နယ်ပါတီ နယ်မြေတာဝန်ခံ ဦးမြင့်အောင်နှင့် ကျေးရွာပါတီခေါင်ဆောင်များဖြစ်ကြသော ဦးဝင်းလှိုင်၊ ဦးရာကျော်၊ ဦးစန်းဝင်းတို့နှင့် ပါတီဝင်များ အင်အား (၂၅) ဦးတို့ဖြင့် ဆောင်ရွက်ခဲ့ကြသည်။

“ မိမိဒေသ ဖွံ့ဖြိုးတိုးတက်ဖို့ အရည်အချင်းပြည့်ဝသော ပြည်ခိုင်ဖြိုးကိုယ်စားလှယ်များကို မဲပေးကြပါစို့”

လင်း ခေတ်သွေး