ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးနှင့် ပျော်ဘွယ်မြို့နယ် ကန်တဲကျေးရွာရှိ ဒေသခံပြည်သူများနှင့် တွေ့ဆုံ

 

ဇွန် ၁ ပျော်ဘွယ်

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးနှင့် ပျော်ဘွယ်မြို့နယ် ကန်တဲကျေးရွာရှိ ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ ကျေးရွာအတွင်း လိုအပ်လျက်ရှိသည့် လမ်း၊ လျှပ်စစ်မီး၊ စာသင်ကျောင်းဆောင်နှင့် ဆေးခန်း ဆောင်ရွက်မှု အခြေအနေများကို တွေ့ဆုံဆွေးနွေး ခဲ့သည်။

အဆိုပါ ဟောပြောပွဲသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးနှင့်အတူ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်စိုးလည်း ပါဝင်ဆွေးနွေး ခဲ့သည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရန်ကုန်နှင့် မန္တလေးတိုင်းဒေသကြီးတို့မှ ပါတီလူငယ်အဖွဲ့များ တွေ့ဆုံ

 

မန္တလေး မေ ၂၉

ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီလူငယ်အဖွဲ့နှင့် မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ လူငယ်အဖွဲ့တို့ တွေ့ဆုံပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီမှ ၁ဝ နာရီအထိ မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံ မြို့နယ် ၇၃ လမ်း၊ ၂၇ လမ်းနှင့် ၂၈ လမ်းကြားရှိ တိုင်းဒေသကြီး ပါတီရုံး အစည်းအဝေး ခန်းမတွင် ကျင်းပ ခဲ့ကြောင်း သိရသည်။ အခမ်းအနားအား နိုင်ငံတော်သီချင်း သီဆိုပြီး နိုင်ငံတော်အလံအား အလေးပြု ဖွင့်လှစ်ပြီး နောက် မန္တလေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တိုင်းဒေသကြီး ပါတီအတွင်းရေးမှူး ဦးအောင်ကျော်မိုးက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့သည်။

မန္တလေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ဟောပြောပွဲများကို တစ်ချိန်တည်း သုံးနေရာခွဲ၍ ကျင်းပ

 

မန္တလေး မေ ၂၆

မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီး (ဝိသာခါ) ကျောင်းအမများအဖွဲ့ စုပေါင်းရေသန့် အလှူတော်ကျင်းပ ပါတီဗဟိုအတွင်းရေးမှူး တက်ရောက်အားပေး

 

မလှိုင် မေ ၂၇

မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီး (ဝိသာခါ) ကျောင်းအမများအဖွဲ့မှ မလှိုင်မြို့နယ် အတွင်းရှိ သောက်သုံးရေ အခက်အခဲရှိရာ ကျေးရွာများသို့ စုပေါင်း ရေသန့်အလှူတော်အား ယမန်နေ့ နံနက်ပိုင်းက ကျင်းပခဲ့ရာ ပါတီဗဟိုအတွင်းရေးမှူး ဒေါက်တာစန်းစန်းနွယ် တက်ရောက်အားပေး ခဲ့သည်။

မန္တလေးခရိုင် ပြည်ခိုင်ဖြိုးပါတီနှင့် မြန်မာလူငယ် ဖွံ့ဖြိုးတိုးတက်ရေးအသင်းတို့ ပူးပေါင်း၍ တရုတ်ဘာသာ (အခြေခံ) စကားပြော သင်တန်းဖွင့်ပွဲ ကျင်းပ

 

မန္တလေး မေ ၂၃

မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီး (ဝိသာခါ) ကျောင်းအမများအဖွဲ့ စုပေါင်းရေသန့် အလှူတော် ကျင်းပ

 

တောင်သာ မေ ၂၂

မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီး (ဝိသာခါ) ကျောင်းအမများအဖွဲ့မှ တောင်သာမြို့နယ် အတွင်းရှိ သောက်သုံးရေ အခက်အခဲရှိရာ ကျေးရွာများသို့ စုပေါင်းရေသန့် အလှူတော်အဖြစ် ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။

အောင်မြေသာစံမြို့နယ် ဥပုသ်တော်ရပ်ကွက် ရေနွေးကြမ်းစကားဝိုင်း ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင် ဦးမျိုးမြင့် တက်ရောက်

 

မန္တလေး မေ ၂၁

ပုသိမ်ကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ နယ်မြေကွင်းဆင်း ပါတီဝင်များနှင့် တွေ့ဆုံ

 

ပုသိမ်ကြီး မေ ၂ဝ

မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ပေါက်မြိုင်ကျေးရွာအုပ်စု လှိုင်းပေါက်ကျေးရွာ ကျေးရွာပါတီဥက္ကဋ္ဌ ဦးမွတ္တား၏ နေအိမ်တွင် ယမန်နေ့ နံနက်က ပါတီဝင်များနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီး (ဝိသာခါ) ကျောင်းအမများအဖွဲ့မှ ညောင်ဦးမြို့နယ်အတွင်း စုပေါင်းရေသန့် အလှူတော်ကျင်းပ

 

ညောင်ဦး မေ ၂ဝ

ရွဲသီးကျေးရွာအုပ်စုတွင် ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်တင်

 

ဝမ်းတွင်း မေ ၁၉

ဝမ်းတွင်းမြို့နယ် ရွဲသီးကျေးရွာအုပ်စု ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်တင်မင်္ဂလာ အခမ်းအနားနှင့် ရေနွေးကြမ်း စကားဝိုင်းကို ယမန်နေ့ နံနက် ၉ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ ခရိုင်ပါတီဥက္ကဋ္ဌ ဦးထွန်းထွန်းဦး၊ ခရိုင်ပါတီကော်မတီဝင် ဦးမြဌေး၊ ဝမ်းတွင်းမြို့နယ် ပါတီဥက္ကဋ္ဌ ဦးမျိုးမြင့်သိန်း၊ အတွင်းရေးမှူး ဦးမောင်မောင်ချို၊ ပါတီကော်မတီဝင် ဦးအောင်တင့်၊ ဦးစိုးဦးနှင့် ရုံးအဖွဲ့ဝင်များ၊ ဒေသခံပါတီဝင်များ စုစုပေါင်းအင်အား ၅ဝ ခန့်တက်ရောက်ခဲ့ကြောင်း သိရသည်။