မကွေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ ပါတီကော်မတီဝင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

 

မ​ကွေး၊ ဇူလိုင်​ ၊ ၅

ပြည်​​ထောင်​စုကြံ့ခိုင်​​ရေနှင့်ဖွံ့ဖြိုးရေးပါတီ မ​ကွေးမြို့နယ် ပါတီ​ကော်​မတီ ဝင်​များ လုပ်​ငန်းညှိနှိုင်းအစည်းအ​ဝေးကို ယ​နေ့ ၀၉း၃၀ နာရီမှ စတင်​၍ မ​ကွေးတိုင်း​ဒေသကြီးပါတီ အစည်းအ​ဝေးခန်းမ၌ ပြူလုပ်​ခဲ့ရာ တိုင်းဘဏ္ဍာာ​ရေးမှူး ဦးကြည်​ထွန်း၊ မ​ကွေးခရိုင်​​ကော်​မတီဝင်​ ဦး​အောင်​နိုင်​၊ မ​ကွေးမြို့နယ်​ပါတီဥက္ကဌ ဦး​အောင်​သိန်း​ကျော်​၊ အတွင်း​ရေးမှူး ဦးတင်​မျိုး​ဇော်​၊ ဘဏ္ဍာ​ရေးမှူး ​ဒေါ်စုစု​နောင်​နှင့်​ မြို့နယ်​​ကော်​မတီဝင်​များ တက်​​ရောက်
ဆွေး​နွေး ​ဆောင်​ရွက်​ခဲ့ကြပါသည်​ ။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသို့ ပါတီဝင်အသစ်များ အဆိုပြုလွှာစုပေါင်းပေးအပ်ပွဲသို့ ပါတီဗဟိုအတွင်းရေးမှူး တက်ရောက်

 

ငဖဲမြို့နယ်ပြည်ခိုင်ဖြိုးပါတီ လပတ်ပုံမှန်စည်းဝေး ကွန်ပျူတာသင်တန်းဆင်း

 

ငဖဲ ဇူလိုင် ၁

မကွေးတိုင်းဒေသကြီး ငဖဲမြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် လပတ်ပုံမှန်အစည်းအဝေး ၆/၂ဝ၁၈ ကို ယနေ့နံနက် ၁ဝ နာရီမှ ၁၂ နာရီအထိလည်း ကောင်း၊ငဖဲမြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီနှင့် MMC Computer Center တို့ဧပြီနှင့်မေအတွင်းက ပူးတွဲဖွင့် လှစ်ခဲ့သည့် နွေရာသီအခြေခံကွန်ပျူတာ သင်တန်း၏ သင်တန်းဆင်းပွဲကို နံနက် ၉ နာရီခွဲမှ ၁ဝ နာရီခွဲအထိ သီးခြားစီ ကျင်းပ ခဲ့ပါသည်။

ညောင်ဦးမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ရမ်းဇမ်းကျေးရွာရှိ လေဘေးသင့် အိမ်ထောင်စုအားငွေလှူဒါန်း

 

ညောင်ဦးခရိုင် ညောင်ဦးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီမှတာဝန်ရှိပုဂ္ဂိုလ်များသည် ယခုလ ၁၂ရက် ည ၈နာရီတွင် လေပြင်း မုန်တိုင်းတိုက်ခတ်ပြီး ဦးဌေးကြီး-ဒေါ်အိမ်မြဲတို့၏ အိမ်တစ်အိမ်ပြိုကျ ပျက်စီးခဲ့သည်။ ထို့ကြောင့် ညောင်ဦးခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ စီမံဘဏ္ဍာရေးမှူး ခရိုင်ကော်မတီဝင် ဒေါ်မြသန္တာဦး၊ မြို့နယ်ကော်မတီဝင် ဦးအေးကျော်ခိုင်၊ နယ်မြေတာဝန်ခံဒေါ်အေးမြသူ၊ အောက်ညဥ့်ကျေးရွာစည်းရုံးရေးမှူးဦးစန်းရွှေတို့နှင့်အဖွဲ့တို့သည် ယနေ့ မွန်းတည့် ၁၂ နာရီက အဆိုပါ ဦးဌေးကြီးအိမ်တွင် ငွေကျပ် ၄ဝဝဝဝ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ဘုရားငါးဆူကမ်းပါးပြိုကျမှုမှကာကွယ်ထိန်းသိမ်းရေးလုပ်ငန်းအတွက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လုပ်အားဒါနနှင့်အလှူငွေများလှူဒါန်း

 

မကွေးတိုင်းဒေသကြီး ပွင့်ဖြူ မြို့နယ်တွင်မုန်းချောင်းရေကြီးမှုကြောင့် ကမ်းပါးပြိုကျနိုင်သည့် အန္တရာယ်မှ ကာကွယ်ခြင်းလုပ်ငန်းများကို ပြည်ခိုင် ဖြိုးပါတီဝင်များသည် ရွှေပြည်တော်သို့ ဆုံမှတ်ပရဟိတအဖွဲ့၊ ဒေသခံပြည်သူ များနှင့်အတူ ဆောင်ရွက်လျက်ရှိသည်။

ယခုလ ၂၄ ရက်နေ့မှစ၍ ဆောင် ရွက်ခဲ့ရာ ယနေ့အထိ ဆောင်ရွက်နေဆဲ ဖြစ်ပြီး ကမ်းပါးပြိုကျမှု အရေးပေါ် ကာကွယ်ထိန်းသိမ်းရခြင်း ဖြစ်သည့် အတွက်ငွေကြေးနှင့်လုပ်အားများလိုအပ် လျက်ရှိသည်။

ချောက်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ပါတီအလံသစ် လွှင့်ထူ

 

ချောက်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဌ ဦးဝင်းနိုင်ဦး၊ မကွေးခရိုင် အရံကော်မတီဝင် ဦးဇော်လွန်းအောင်၊ ချောက်မြို့နယ်ပါတီ အတွင်းရေးမှူး ဦးသန်းလိုင်၊ မြို့နယ်ကော်မတီဝင်များ ၊ ရပ်/ကျေးဥက္ကဌ များ အင်အား (၃၀) ဦးတို့ မှ ချောက်မြို့နယ်ပါတီရုံးနှင့် အမှတ် (၅) နယ်မြေ ရွှေသူဌေးကုန်းရပ်ကွက်ရုံးတို့ တွင် ပြည်ခိုင်ဖြိုးပါတီအလံသစ်အား ယနေ့နံနက် ၉ နာရီ အချိန်တွင် အလံလွှင့်ထူခဲ့ပါသည်။

မ​ကွေးမြို့နယ် ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီ မြို့နယ်​ပါတီ​ကော်​မတီဝင်​များ အပတ်​စဉ်​လုပ်​ငန်းညှိနှိုင်းအစည်းအ​ဝေး ကျင်းပ

 

မ​ကွေးမြို့နယ် ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီ မြို့နယ်​ပါတီ​ကော်​မတီဝင်​များ အပတ်​စဉ်​လုပ်​ငန်းညှိနှိုင်းအစည်းအ​ဝေးကို ယ​နေ့ ၁၀း၀၀ နာရီအချိန်တွင်​ တိုင်း​ဒေသကြီး ပါတီအစည်းအ​ဝေးခန်းမ၌ ပြုလုပ်​ခဲ့ရာ မြို့နယ်​ပါတီဥက္ကဌ ဦး​အောင်​သိန်း​ကျော်​၊ အတွင်း​ရေးမှူး ဦးတင်​မျိုး​ဇော်​နှင့် မြို့နယ်​ပါတီ​ကော်​မတီဝင်​များ တက်​​ရောက်​ခဲ့ကြပြီး မြို့နယ်​ပါတီဥက္ကဌမှ ပါတီဌာနချုပ်​တွင်​ တက်​​ရောက်​ခဲ့သည့် နိုင်င်​ငံ​ရေးစီမံခန့်​ခွဲမှုနည်းပြ သင်​တန်းအမှတ်​စဉ်​ (၄) သင်​တန်းအ​တွေ့အကြုံများ၊ အ​ကောင်​အထည်​​ဖော်​​ဆောင်ရွက်​ရမည့် လုပ်ငန်းစဉ်​များအား ရှင်းလင်းခဲ့ပြီး ‌အတွင်း​ရေးမှူးမှ ကွင်းဆင်း​ဆောင်​ရွက်​မှု‌လုပ်​ငန်းအ​တွေ့အကြုံများနှင့် စည်းရုံး​ရေးဆိုင်​ရာများ၊ တက်​​ရောက်​လာသူများမှ မိမိတို့‌နယ်​​မြေအလိုက်​ စည်းရုံး​ဆောင်​ရွက်​မှုနှင့် ​ဒေသခံပြည်​သူများ၏အသံများနှင့် အကြံပြုချက်​များ​အား ရှင်းလင်း​ဆွေး​နွေးခြင်း​တို့ ​ဆောင်​ရွက်​ခဲ့ကြပြီး မြို့နယ်ပါတီဥက္ကဌမှ နိဂုံးချူပ်​အမှာစကား​ပြောကြားကာ ၁၁း ၅၀ နာရီတွင်​ ပြီး​မြောက်​ခဲ့ပါသည်​ ။

မုန်းချောင်းရေ ခ တော့မည့် ဘုရားငါးဆူ ဆက်လည်တည်တန့်နိုင်ရေး အရေးပေါ် ကမ်းပါးထိန်းသိမ်းရေးလုပ်ငန်းများ ပြည်ခိုင်ဖြိုးပါတီက ဆောင်ရွက်

ပြည်ခိုင်ဖြိုးပါတီ မြို့နယ်အတွင်းရေးမှူးနှင့် မြိုနယ်ကော်မတီဝင်များမှ ရေဘေးကယ်ဆယ်ရေးပစ္စည်းများနှင့် အလျူငွေများအား ဆရာတော်ဦးသောမအား ကိုယ်တိုင်သွားရာက်လျူဒန်း

 

သိဒ္ဓိအောင်ပန်းဘုန်းကြီးဆရာတော် ဥူးသောမဦးစီး၍ မကွေးတိုင်းရေဘေးကယ်ဆယ်ရေးအတွက် ၇ ရက်သားသမီးများမှ စုပေါင်းလျူဒန်းသော ဆန်နှင့်စားစရာ အဝတ်အထည်ဆေးဝါးများ စုပေါင်းလှူဒန်းပွဲကို ဒဂုံတောင် ပြည်ခိုင်ဖြိုးပါတီနှင့် မြို့နယ်ကော်မတီဝင်များမှ ဆန် ၁၀ အိတ်နှင့် ခေါက်ဆွဲခြောက် အထုပ် ၂၀၀၀ အား ကံမမြို့နယ် ရွှေတောရွာ၊ သရက်တောရွာ၊ ဥသျှစ်ချိုရွာ၊ အင်ဖက်တောကျေးရွာ ရေဘေးသင့်ပြည်သူများအား ၂၃. ၆ .၁၈ ရက်နေ့ သွားရောက်လျူဒန်းနိုင်ရန် ဆိပ်ကမ်းမြို့နယ် ပန်းဘုန်းကြီးကျောင်းသို့ ပြည်ခိုင်ဖြိုးပါတီ မြို့နယ်အတွင်းရေးမှူးနှင့် မြိုနယ်ကော်မတီဝင်များမှ ရေဘေးကယ်ဆယ်ရေးပစ္စည်းများနှင့် အလျူငွေများအား ဆရာတော်ဦးသောမအား ကိုယ်တိုင်လာရောက်လျူဒန်းခဲ့ပါသည်။

မကွေးတိုင်းဒေသကြီး စလင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဇရပ်လှအုပ်စု အနောက်ရှားတောကျေးရွာ ​ချောင်းရေတိုက်စားမှု သက်သာစေရန် ကမ်းကာပြုလုပ်

 

၂၁. ၆ .၂၀၁၈ ရက်နေ့မကွေးတိုင်းဒေသကြီး စလင်းမြို့နယ် ဇရပ်လှအုပ်စု အနောက်ရှားတောကျေးရွာ ​ချောင်းရေတိုက်စားမှု သက်သာစေရန် ကမ်းကာပြုလုပ်မှုကို ခရိုင်ကောင်မတီဝင် ဦးဝင်းမြိုင်ဦးဆောင်၍ စလင်းမြို့နယ်ပြည်ခိုင်ဖြိုးပါတီမှကော်မတီဝင် ဦးဝင်းခိုင်၊ ဦးနိုင်ထူး၊ ဦးသန်းထွန်းဦး၊ ဦးဌေးအောင်တို့နှင့်အတူ ပါတီဝင်အား ၈၀ ဦးဖြင့် ကူညီလုပ်အားဒါနပြုနေပါသည်။

Min Zaw