မုန်းချောင်းရေ ခ တော့မည့် ဘုရားငါးဆူ ဆက်လည်တည်တန့်နိုင်ရေး အရေးပေါ် ကမ်းပါးထိန်းသိမ်းရေးလုပ်ငန်းများ ပြည်ခိုင်ဖြိုးပါတီက ဆောင်ရွက်

 

ဇွန် ၂၅

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်း မုန်းချောင်းရေကြီးမှုကြောင်းရေဘေးဒုက္ခ ခံစားနေရသော ပြည်သူများလိုအပ် နေသောအကူအညီများကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ထောက်ပံ့လှူဒါန်းပေးခဲ့ပါသည်။ ထို့ပြင် ရေတိုက်စားမှုကြောင့် ကမ်းပါးပြိုကျပြီး မုန်းချောင်းရေခမည့် အန္တရာယ်ကြုံတွေ့နေရသည့် ရွှေလှေ ကျေးရွာအုပ်စု၊ ရွာထောင်ကျေးရွာနေပြည်သူများ တည်ထားကိုးကွယ်လျက်ရှိသော ဘူရားငါးဆူ ရုပ်ပွားတော်ပွားများ ကမ်းပါးပြိုကျမည့် အခြေအနေမှ ကာကွယ်နိုင်ရေးအတွက် အရေးပေါ် လိုအပ်သည့် လုပ်ငန်းများကိုလည်း ဆောင်ရွက်ခဲ့ကြပါသည်။ ရေကြီးမှု ဖြစ်စဉ်အပြီးနာရီပေါင်း ၂၀ အတွင်း ရုပ်ပွားတော် တစ်ဆူ ထပ်မံရေခသွားသည့်အတွက် ကျန်ရှိနေသည့် ဗုဒ္ဓရုပ်ပွားတော်များ ထပ်မံရေခ ခြင်းမရှိစေရေး အရေးပေါ်ကမ်းပါးပြိုကျမှုကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်လိုအပ်လျက်ရှိသည်။
မကွေးတိုင်းဒေသကြီးပါတီအတွင်းရေးမှူး ဦးဆန်းညွန့်အောင်နှင့် ပါတီဝင်များသည် ရွှေပြည်တော်သို့ဆုံမှတ် အဖွဲ့ဝင်များ၊ ကျေးရွာနေပြည်သူများနှင့်အတူ ကမ်းပါးထိန်းသိမ်းရေးအတွက် ရေကာများဆောက်လုပ်နိုင်ရန် သဲအိပ်များ ကာရံခြင်း၊ သစ်ကိုင်းများချခြင်း၊ ရေလမ်းကြောင်းပြောင်းစေရန် ၀ါးဖောင်များမျှောခြင်း၊ ပြိုကျနေသော အဆောက်အဦးများ ရှင်းလင်းခြင်း တို့ကို ဆောင်ရွက်ခဲ့ ကြပါသည်။ ချောင်းကမ်းပါးထပ်မံပြိုကျမှုမရှိစေရန် လိုအပ်သောလုပ်ငန်းများ ဆက်လက် လုပ်ဆောင် သွားမည်ဖြစ်ပြီး အလှူငွေများ ထပ်မံလှူဒါန်းသွားမည်ဖြစ်ပါသည်။

linnzawaung