ကမ္ဘာ့အကောင်းဆုံး အမျိုးသမီးကစားသမားအတွက် ဘလွန်းဒီအောဆုကို ၂ဝ၁၈ ခုနှစ်ကုန်မှာ စတင်ပေးအပ် ချီးမြှင့်မည်

ကမ္ဘာ့အကောင်းဆုံး အမျိုးသမီး ကစားသမားအတွက် ဘလွန်း ဒီအောဆုကို ၂ဝ၁၈ ခုနှစ်ကုန်မှာ စတင်ပေးအပ် ချီးမြှင့်မယ်လို့ သိရပါတယ်။ ကမ္ဘာ့အကောင်းဆုံးအမျိုးသား ကစားသမားအတွက် ပေးအပ်ချီးမြှင့်တဲ့ ဘလွန်း ဒီအောဆုကိုတော့ ပြင်သစ် ဘောလုံးမဂ္ဂဇင်းက ၁၉၅၆ ခုနှစ် ကတည်းက စတင်ပေးအပ်ချီးမြှင့်ခဲ့တာဖြစ်ပါတယ်။

အခုပေးအပ်ချီးမြှင့်မယ့် ကမ္ဘာ့အကောင်းဆုံးအမျိုးသမီးကစားသမားအတွက် ဘလွန်းဒီအောဆုကိုတော့ အခုနှစ်မှာ စတင်ပေးအပ်ချီးမြှင့်မှာ ဖြစ်တဲ့အပြင် ဒီဇင်ဘာ ၃ ရက်နေ့မှာ ပြင်သစ်နိုင်ငံ ပါရီမြို့မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

စိုးလင်းဦးနှင့် တရုတ်မွေထိုင်းချန်ပီယံ ကျောက်ဝမ်ဝမ်တို့ ထိုးသတ်မည်

၆ ကြိမ်မြောက်ကျင်းပမယ့် ကမ္ဘာ့လက်ဝှေ့ချန်ပီယံရှစ် ပြိုင်ပွဲကို လာမယ့် စက်တင်ဘာ ၂၉ ရက်နေ့ ကျင်းပမှာဖြစ်ပြီး အဓိကစိန်ခေါ်ပွဲအဖြစ် စိုးလင်းဦးနဲ့ တရုတ် မွေထိုင်းချန်ပီယံ ကျောက်ဝမ်ဝမ်တို့ ယှဉ်ပြိုင် ထိုးသတ်ကြမှာပါ။

အသက် ၂၁ နှစ်ရှိ ကျောက်ဝမ်ဝမ်ဟာ တရုတ်မွေထိုင်းပြိုင်ပွဲမှာ ချန်ပီယံဖြစ်ထားပြီး ကစ်ဘောင်ဆင် ကစားသမား တဦးလည်း ဖြစ်တယ်လို့ သိရပါတယ်။

တိုးချန်ပီယံရှစ်ဂေါက်ရိုက်ပြိုင်ပွဲတွင် တိုက်ဂါးဝုဒ်ဗိုလ်စွဲပြီး ငါးနှစ်အတွင်း ပထမဆုံးအောင်ပွဲရ

ရာသီအပိတ် တိုး ချန်ပီယံရှစ် ဂေါက်ရိုက်ပြိုင်ပွဲတွင် အမရေိကန်ဂေါက်သီးအကျော် အမော် တိုက်ဂါးဝုဒ် (၄၂) နှစ် သည် တစ်နိုင်ငံတည်းသားပြိုင် ဘက် ဘီလီဟော့စ်ရှယ်လ်ထက် ရိုက်ချက် နှစ်ချက် လျှော့ရိုက်ကာ ဗိုလ်စွဲခဲ့ပြီး ငါးနှစ်အတွင်း ပြိုင်ပွဲ အရပ်ရပ်၌ ပထမဆုံးအောင်ပွဲရရှိ ခဲ့သည်။

မြန်မာ့ လက်ရွေးစင်အသင်းနှင့် ဘိုလီးဗီးယား လက်ရွေးစင်အသင်းတို့ ရန်ကုန်မြို့တွင် ခြေစမ်းမည်

၂၀၁၈ ဆူဇူကီးဖလား ပြိုင်ပွဲအတွက် ပြင်ဆင်နေသည့် မြန်မာ့လက်ရွေးစင်အသင်းသည် နိုင်ငံတကာ ခြေစမ်းပွဲစဉ် တစ်ပွဲအဖြစ် တောင်အမေရိက နိုင်ငံတစ်နိုင်ငံဖြစ်သည့် ဘိုလီးဗီးယား လက်ရွေးစင်အသင်းနှင့် ရန်ကုန်မြို့တွင် ကစားမည် ဖြစ်သည်။ လက်ရှိအချိန်တွင် မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်နှင့် ဘိုလီဗီးယား ဘောလုံး အဖွဲ့ချုပ်တို့ ခြေစမ်းပွဲ ဖြစ်မြောက်ရေး အတွက် ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)၊ တောင်အမေရိက ဘောလုံး အဖွဲ့ချုပ် (CONMEBOL)၊ အာရှ ဘောလုံး အဖွဲ့ချုပ် (AFC) တို့နှင့် အပြန်အလှန် ဆက်သွယ် ဆောင်ရွက်လျက် ရှိပြီး မကြာမီ သတင်း အချက်အလက်များအား ဆက်လက် ထုတ်ပြန်ပေးသွားမည် ဖြစ်သည်။

၂၀၁၈ ခုနှစ် တစ်နှစ်တာ ဖီဖာအကောင်းဆုံး ဆုများ

ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုကို ခရစ္စတီယာနို ရော်နယ်လ်ဒိုနဲ့ မက်ဆီတို့က ဆယ်စုနှစ်တစ်ခုကြာ စိုးမိုးထားမှုကို ဒီနှစ်မှာတော့ လူကာမိုဒရစ်က အဆုံးသတ်ပေးလိုက်ပြီ ဖြစ်ပါတယ်။ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) က ကြီးမှူးကျင်းပတဲ့ The Best FIFA Football Awards ဆု ချီးမြှင့်ပွဲ အခမ်းအနားကို တနင်္လာနေ့က လန်ဒန်မြို့မှာ ကျင်းပခဲ့တာဖြစ်ပါတယ်။

ဖီဖာရဲ့ တစ်နှစ်တာ အကောင်းဆုံး ဘောလုံးသမားဆုများ ပေးအပ်မည်

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) က တနှစ်တာအတွက် အကောင်းဆုံးဆုတွေ ပေးအပ်မယ့် အခမ်းအနားကို စက်တင်ဘာလ ၂၅ ရက်နေ့ မြန်မာစံတော်ချိန် နံနက် ၁ နာရီမှာ ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့မှာ  ပြုလုပ်သွားမှာပါ။

ပြိုင်ဘက်ကို တစ်ချီတည်းထိုး၍ ချန်ပီယံဆုယူမည်ဟု UFC ဖိုက်တာ မက်ဂရီဂေါ ကြုံးဝါး

ကိုယ်ခံပညာ ပေါင်းစုံသုံး ထိုးသတ်သော UFC ဖိုက်တာကော်နာမက်ဂရီဂေါက ၎င်းအနေဖြင့် ပြိုင်ဘက် ခါဘစ်နာ မာဂိုမီဒေါ့ဗ်ကို တစ်ချီတည်းဖြင့် အနိုင်ယူကာ UFC လိုက်ဝိတ်ချန် ပီယံဆုရယူမည်ဟု သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။
ဧပြီလက နာမာဂိုမီဒေါ့ဗ်နှင့် အခြား UFC ကစားသမားများ လိုက်ပါသော ဘတ်စ်ကားမှန်ပြ တင်းကို သံခုံတစ်ခုဖြင့် ပစ်ပေါက် ခဲ့သောအဖြစ်အပျက်ကို မက်ဂရီ ဂေါက အကြိမ်အကြိမ် ရည်ညွှန်းခဲ့သည်။ ယင်းဖြစ်ရပ်ကြောင့် မက်ဂရီဂေါ ဖမ်းဆီးခံရကာနောက်ပိုင်း တွင် အပြစ်ရှိကြောင်းဝန်ခံသည်။

MNL ချန်ပီယံဆု ရန်ကုန်အသင်း ငါးကြိမ်မြောက်ဆွတ်ခူး

စက်တင်ဘာ ၂၃ ရက်က ယှဉ်ပြိုင်ကစားခဲ့တဲ့ MPT Myanmar National League 2018 ပြိုင်ပွဲ နောက်ဆုံးပွဲစဉ်မှာ ရန်ကုန်ယူနိုက်တက်က ဆောက်သမ်းမြန်မာကို ၄-၀ ဂိုးနဲ့ ဂိုးပြတ် အနိုင်ယူပြီး ၅ ကြိမ်မြောက်ချန်ပီယံဆု ဆွတ်ခူးနိုင်ခဲ့ပါတယ်။

ဒီပွဲမတိုင်ခင်မှာ ချန်ပီယံဆုအတွက် ရန်ကုန်ယူနိုက်တက်နဲ့ ပြိုင်ဘက် ရှမ်းယူနိုက်တက် အသင်းတို့ ချန်ပီယံဖြစ်ဖို့ အပြိုင်အဆိုင်ဖြစ်နေပြီး  ရန်ကုန်က ၁ မှတ်အသာနဲ့ အမှတ်ပေး ဇယားကို ဦးဆောင်ထားတာပါ။

ကတ်များရဲ့ ဘုရင် ရာမို့စ်

ရီးယဲလ်မက်ဒရစ်အသင်းရဲ့ အသင်းခေါင်းဆောင် ဆာဂျီယိုရာမို့စ်ဟာ ဗုဒ္ဓဟူးနေ့က ရိုးမားအသင်းနဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ အဝါကတ်အပြခံခဲ့ရပြီးနောက် ချန်ပီယံလိဂ်သမိုင်းမှာ အဝါကတ်အများဆုံးအပြခံရတဲ့ ကစားသမားဖြစ်လာခဲ့ပါတယ်။

ရာမို့စ်ဟာ ရီးယဲလ်အသက်းက ရိုးမားအသင်းကို ၃-၀ ဂိုးနဲ့ အနိုင်ရတဲ့ ပွဲစဉ်မှာ ပြိုင်ဘက်ကွင်းလယ်လူ အန်ဇွန်ဇီအား ပြစ်ဒဏ်ကျူးလွန်ခဲ့မှုကြောင့် ၂၃ မိနစ်မှာ အဝါကတ်အပြခံရရာ သူ့ရဲ့ ချန်ပီယံလိဂ် ၁၁၅ ပွဲမှာ ၃၇ ကြိမ်မြောက် အဝါကတ်အပြခံခဲ့ရတာဖြစ်ပြီး ချန်ပီယံလိဂ်သမိုင်းမှာ အဝါကတ်အများဆုံးအပြခံရတဲ့ မန်ယူအသင်းရဲ့ ကွင်းလယ်လူဟောင်း ပေါလ်စခိုးလ်ရဲ့ အဝါကတ် အရေအတွက်ကို ကျော်ဖြတ်ခဲ့တာလည်း ဖြစ်ပါတယ်။

ယခုနှစ်မကုန်ခင်အထိ အိမ်ကွင်းသစ် ပြီးစီးဖို့ အဆင်သင့်မဖြစ်သေးဆိုတဲ့ သတင်းတွေကို စပါးအသင်း ပယ်ချ

တော့တင်ဟမ်ဟော့စပါးအသင်းရဲ့ အိမ်ကွင်းသစ် တည်ဆောက်မှုဟာ ယခုနှစ်မကုန်ခင်အထိ ပြီးစီးရန် အဆင်သင့်မဖြစ်သေးဘူးလို့ ဖော်ပြတဲ့ သတင်းတွေကို စပါးအသင်းက ပယ်ချသွားခဲ့ပါတယ်။

စပါးကွင်းသစ်တည်ဆောက်မှုဟာ လာမယ့် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ပထမအပတ်မှာ ပြီးစီးဖို့ သတ်မှတ်ထားတယ်လို့ Construction News က ဖော်ပြထားတာကို စပါးအသင်းက ပယ်ချခဲ့တာဖြစ်ပါတယ်။