ယခုနှစ်မကုန်ခင်အထိ အိမ်ကွင်းသစ် ပြီးစီးဖို့ အဆင်သင့်မဖြစ်သေးဆိုတဲ့ သတင်းတွေကို စပါးအသင်း ပယ်ချ

တော့တင်ဟမ်ဟော့စပါးအသင်းရဲ့ အိမ်ကွင်းသစ် တည်ဆောက်မှုဟာ ယခုနှစ်မကုန်ခင်အထိ ပြီးစီးရန် အဆင်သင့်မဖြစ်သေးဘူးလို့ ဖော်ပြတဲ့ သတင်းတွေကို စပါးအသင်းက ပယ်ချသွားခဲ့ပါတယ်။

စပါးကွင်းသစ်တည်ဆောက်မှုဟာ လာမယ့် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ပထမအပတ်မှာ ပြီးစီးဖို့ သတ်မှတ်ထားတယ်လို့ Construction News က ဖော်ပြထားတာကို စပါးအသင်းက ပယ်ချခဲ့တာဖြစ်ပါတယ်။

အဆိုပါလန်ဒန်အခြေစိုက်အသင်းဟာ အိမ်ကွင်းသစ်ဖြစ်တဲ့ ၀ှိုက်ဟတ်လိန်းကွင်းမှာ ပြီးခဲ့တဲ့ အပတ်က နောက်ဆုံး ကစားခဲ့တဲ့ လီဗာပူးလ်အသင်းနဲ့ ပွဲစဉ်အမီ စတင်ဖွင့်လှစ်ကစားဖို့ ကနဦး သတ်မှတ်ထားခဲ့တာပါ။

စပါးအသင်းရဲ့ အိမ်ကွင်းသစ် တည်ဆောင်ရေး စီမံကိန်းမှာ ပြီးစီးလုနီးပါးဖြစ်နေပေမယ့် လျှပ်စစ်နည်းပညာဆိုင်ရာ လိုအပ်ချက်များနဲ့ ကွင်းအတွင်း လုံခြုံရေးစနစ်ပိုင်း စိတ်မချရသေးလို့ အသင့်မဖြစ်သေးတာဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါကွင်းတည်ဆောက်မှုဟာ နှစ်သစ်အထိ နှောင့်နှေးကြန့်ကြာအုံးမှာဖြစ်ပြီး လာမယ့်နှစ် ဇန်နဝါရီလအထိ ပြီးစီးဖို့ မရှိပါဘူးလို့ ဆိုပါတယ်။

ဒါကြောင့် အောက်တိုဘာလ နောက်ပိုင်းမှာ အသင်းရဲ့ အိမ်ကွင်း ပွဲစဉ်တွေကို ရက်ရွှေ့ဆိုင်းရနိုင်ကြောင်း သတင်းများက ဆိုပါတယ်။

စပါးအသင်းရဲ့ ချန်ပီယံလိဂ်အိမ်ကွင်း ပွဲစဉ် ၃ ပွဲစလုံးကို ဝင်ဘလေကွင်းမှာသာ လက်ခံကျင်းပသွားဖြစ်တယ်လို့ အသင်းက အတည်ပြုခဲ့မှုနဲ့အတူ ကလပ်ဥက္ကဌ ဒန်နီရယ်လီဗိုင်းက ကွင်းပြောင်းရွှေ့ကျင်းပရတဲ့အပေါ် တောင်းပန်သွားခဲ့ပါတယ်။

-Ref: Sky sports