ပြိုင်ဘက်ကို တစ်ချီတည်းထိုး၍ ချန်ပီယံဆုယူမည်ဟု UFC ဖိုက်တာ မက်ဂရီဂေါ ကြုံးဝါး

ကိုယ်ခံပညာ ပေါင်းစုံသုံး ထိုးသတ်သော UFC ဖိုက်တာကော်နာမက်ဂရီဂေါက ၎င်းအနေဖြင့် ပြိုင်ဘက် ခါဘစ်နာ မာဂိုမီဒေါ့ဗ်ကို တစ်ချီတည်းဖြင့် အနိုင်ယူကာ UFC လိုက်ဝိတ်ချန် ပီယံဆုရယူမည်ဟု သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။
ဧပြီလက နာမာဂိုမီဒေါ့ဗ်နှင့် အခြား UFC ကစားသမားများ လိုက်ပါသော ဘတ်စ်ကားမှန်ပြ တင်းကို သံခုံတစ်ခုဖြင့် ပစ်ပေါက် ခဲ့သောအဖြစ်အပျက်ကို မက်ဂရီ ဂေါက အကြိမ်အကြိမ် ရည်ညွှန်းခဲ့သည်။ ယင်းဖြစ်ရပ်ကြောင့် မက်ဂရီဂေါ ဖမ်းဆီးခံရကာနောက်ပိုင်း တွင် အပြစ်ရှိကြောင်းဝန်ခံသည်။

ထိုအချိန်ကသာ နာမာဂိုမီ ဒေါ့ဗ်ကားပေါ်က ဆင်းလာလျှင် အသက်ပျောက်ကာ မိမိလည်း ထောင်ထဲ ရောက်နေမည်ဟု သ တင်းစာရှင်းလင်းပွဲတွင် အရက် သောက်နေသော မက်ဂရီဂေါက ပြောသည်။

UFC လိုက်ဝိတ်ချန်ပီယံဘွဲ့ကာကွယ်ရန် မက်ဂရီဂေါက ငြင်းဆိုပြီး ငွေကြေးမက်လုံး ကောင်းသော မေဝယ်သာနှင့် ထိုးသတ်ရန် ဆုံးဖြတ်ခဲ့သဖြင့် ချန်ပီယံခါးပတ် အသိမ်းခံရပြီးနောက် ဘတ်စ်ကားတိုက်ခိုက်မှု ပေါ်ထွက်ခဲ့ခြင်း ဖြစ်သည်။

၂ နှစ်အတွင်း ပထမဆုံးပြန်လည်ထိုး သတ်မည့် UFC ပွဲသည် တိုတောင်းလိမ့်မည်ဟု မက်ဂရီဂေါက ပြောသည်။ ‘‘တစ်ချီတည်းပဲ ထိုးသတ်သွားပါမယ်’’ ဟု နာမာဂိုမီဒေါ့ဗ်ကို ထိုးသတ်ရန် ဘယ်နှစ်ချီကြာမည်နည်းဟု မေးမြန်းသည်ကို မက်ဂရီဂေါက ဖြေကြားသည်။

ရှုံးပွဲမရှိသော ရုရှားနိုင်ငံသား နာမာဂိုမီဒေါ့ဗ်က သတင်းစာရှင်းလင်းပွဲတွင်တည်တည် ငြိမ်ငြိမ်ရှိပြီး ‘‘ဒါဟာ ကိုးလအတွင်း ကျွန်တော် တတိယအကြိမ် ထိုးသတ်မယ့်ပွဲပါ။ကျွန်တော့် မှတ်တမ်းက ၂၆-၀၊ တစ်ချီတောင် မရှုံးခဲ့ပါဘူး’’ဟု မက်ဂရီဂေါနှင့် အသက်တူ (၃၀)နှစ်ရှိသူက ပြောသည်။

နာမာဂိုမီဒေါ့ဗ် သည် ဧပြီက အယ်လ်အီယာကွင်တာကို ဒိုင်လူကြီးများ၏ တညီတညွတ်တည်းဆုံးဖြတ်ချက်ဖြင့် အနိုင်ရရှိကာ လိုက်ဝိတ်ချန်ပီယံဖြစ်လာခဲ့သည်။ မက်ဂရီဂေါနှင့် နာမာဂိုမီ ဒေါ့ဗ်တို့ပွဲကို လာ့စ်ဗီးဂတ်စ်မြို့ T-Mobile ရုံတွင် အောက်တိုဘာ  ၆ ရက်၌ ထိုးသတ်မည်ဖြစ်သည်။

—Ref:Reuters