ဗြိတိန်ထုတ် ပိုက်ဆံအသစ် ရေနဲ့လျှော်လို့ရပြီတဲ့

 

ပြောင်းလဲချိန်တန်ပြီဆိုတဲ့စကားက ဗြိတိန်ကထုတ်တဲ့ ပိုက်ဆံငွေကြေးအသစ်မှာတော့ အကောင်အထည်ပေါ် သွားပါပြီ။ ပိုက်ဆံအသစ်ထုတ်ရာမှာ ပလပ်စတစ်နဲ့ထုတ်ခဲ့ပြီး ရေနဲ့လျှော်လို့တောင် ရပါသတဲ့။

14316860_1253422261355436_6741903323277422433_n

(more…)


ဟီလာရီကလင်တန် ကျန်းမာရေး ပြန်ကောင်းလာပြီဟု ဆရာဝန်ဖြစ်သူ ကြေညာ

hillary-clinton

ဝါရှင်တန်၊ စက်တင်ဘာ ၁၅

 ဟီလာရီကလင်တန်၏ ကျန်းမာရေးက ကောင်းမွန်လာပြီဖြစ်ကာ အမေရိကန်သမ္မတတစ်ဦး ကောင်းကောင်း အလုပ်လုပ်နိုင်ပါပြီဟု သူ့၏ ဆရာဝန်က   ပြောသည်။

ဒီမိုကရက်တစ် သမ္မတလောင်း ဟီလာရီက အဆုတ်ရောင်ရောဂါမှ ပျောက်ကင်းသက်သာကာ ထူထူထောင်ထောင် ပြန်ဖြစ်ပြီဖြစ်ကြောင်း ဆရာဝန်ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ပါကစ္စတန်တွင် ရထားနှစ်စင်း ခေါင်းချင်းဆိုင်တိုက်၍ ခြောက်ဦးသေဆုံးကာ တစ်ရာကျော် ဒဏ်ရာရ

pakistan_0

အစ္စလာမ္မာဘတ်၊ စက်တင်ဘာ ၁၅

ပါကစ္စတန်နိုင်ငံ အလယ်ပိုင်းတွင် ရထားနှစ်စီး ခေါင်းချင်းဆိုင်တိုက်၍ အနည်းဆုံး လူခြောက်ဦးသေဆုံးကာ ၁၀၀ကျော် ထက်မနည်း ဒဏ်ရာရကြောင်း တာဝန်ရှိသူများက ပြောသည်။ မူတန်မြို့အနီးတွင် ကရာချိသို့ ဦးတည်သည့် ခရီးသည်တင်ရထားက လူတစ်ဦးကို ဖြတ်ကြိတ်တိုက်မိ၍ ရပ်နားထားသည့် ကုန်စည်တင်ရထားကို ဝင်တိုက်ခြင်းဖြစ်သည်။

ဆီးရီးယားထဲ အပစ်ရပ်မှု ၄၈ နာရီ ထပ်တိုးမယ်

2345345345

နှစ်ရက်တာ အပစ်ရပ်ခဲ့တဲ့ ရက်တွေမှာ အရပ်သား အသေအပျောက် လုံးဝ မရှိခဲ့။

 

ဆီးရီးယား နိုင်ငံထဲ ရယူ ထားတဲ့ အပစ်ရပ် သဘောတူမှုကို နောက်ထပ် ၄၈ နာရီ ကြာ တိုးမြှင့် ဖို့ အမေရိကန် နဲ့ ရုရှား အစိုးရ နှစ်ရပ်အကြား သဘောတူခဲ့ကြတယ် ဆိုပြီး အမေရိကန် နိုင်ငံခြားရေး ဌာနက ပြောပါတယ်။

ရုရှားက ဓာတုလက်နက် (၉၅) ရာခိုင်နှုန်းကို ဖျက်ဆီးပစ်

russia-has-destroyed-chemical-weapons

(ဓာတ်ပုံ – အီးပီအေ)

 

ရုရှားက ၎င်းတို့ရဲ့ ဓာတုလက်နက် (၉၅) ရာခိုင်နှုန်းကို ဖျက်ဆီးပစ်လိုက်ကြောင်း ရုရှားဖက်ဒရယ်အေဂျင်စီရဲ့ အကြီးအကဲ ဗိုလ်ချုပ်ကြီး ဗာလ်လီရီ ကာပါရှင်က ကြေညာခဲ့ပါတယ်။

ဒါဟာ စစ်တပ်က အသုံးပြုတဲ့ တန် (၃၇,၉၅၀) ကျော် အဆိပ်အတောက်ဝတ္တုများဖြစ်ကြောင်း ကာပါရှင်က ပြောပါတယ်။

သမိုင်းတစ်လျှောက် ပမာဏအများဆုံး စစ်ရေး အကူအညီအဖြစ် အမေရိကန်က အစ္စရေးကို ဒေါ်လာ ၃၈ ဘီလီယံ ထောက်ပံ့

israel-military

အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေး ကိစ္စအပေါ် သဘောကွဲလွဲမှု ပိုမိုများပြားလာနေခဲ့သော်လည်း အမေရိကန်က အစ္စရေးကို စံချိန်တင်များပြားသည့် စစ်ရေး အကူအညီ   ဒေါ်လာ ၃၈ ဘီလီယံထိ ထောက်ပံ့ကူညီရန် သဘောတူခဲ့သည်။

အစ္စရေး နိုင်ငံအတွက် ဆယ်နှစ်သက်တမ်းရှိ စစ်ရေးကူညီမှု ဒေါ်လာ ၃၈ ဘီလီယံ ထောက်ပံ့မည့် သဘောတူညီချက် စာချုပ်ကို စက်တင်ဘာ ၁၄ ရက်တွင် လက်မှတ်ထိုးမည်ဖြစ်ကြောင်း အမေရိကန်   နိုင်ငံခြားရေး ၀န်ကြီးဌာနက ထုတ်ပြန်သည်။

မြောက်ကိုရီးယားအားဖိအားပေးရန် အမေရိကန်၊ ဂျပန်၊ တောင်ကိုရီးယားခေါင်းဆောင်များ ကုလသမဂ္ဂညီလာခံတွင် တွေ့ဆုံမည်

14370342_1755109788062855_4991735034102352155_n

ဝါရှင်တန် စက်တင်ဘာ ၁၄

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီသည် လာမည့်တနင်္ဂနွေ နေ့တွင် နယူးယောက်၌ ဂျပန်နှင့် တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး များနှင့်တွေ့ဆုံပြီး မြောက်ကိုရီးယား၏ နောက်ဆုံး နျူကလီးယားလက်နက် စမ်းသပ်မှုကို အရေးယူတုံ့ပြန်မှုများ ပြုလုပ်ရန် ဆွေးနွေးသွားမည်ဖြစ်ကြောင်း တောင်ကိုရီးယားနိုင်ငံခြားရေး ဝန်ကြီး ဌာနက စက်တင်ဘာ ၁၄ ရက်တွင် ဖော်ပြခဲ့သည်။

ဘရာဇီး စီးပွားရေးပြုပြင်ရန် ကယ်ဆယ်ရေး အစီအစဉ်စတင်

ရုန်းကန်နေရသော နိုင်ငံစီးပွားရေးအား ပြန်လည်အသက်သွင်းရန် ရည်ရွယ်၍ ပုဂ္ဂလိကပိုင်ပြုလုပ်ရေး အစီအစဉ် တစ်ရပ်ကို ဘရာဇီးအစိုးရသစ်က ကြေညာခဲ့သည်။

ယင်းအစီအစဉ်အရ လေဆိပ်လေးခုနှင့် သင်္ဘောဆိပ်ကမ်း  နှစ်ခုကို ရောင်းချမည်ဖြစ်ကာ လမ်းသစ်များ ဖောက်လုပ်ခြင်းမှ သည် မိုင်းတွင်းလုပ်ငန်းများအထိ စီမံကိန်းအများအပြားကို ပုဂ္ဂလိ က ကုမ္ပဏီများအား ကန်ထရိုက် ပေးမည်ဖြစ်သည်။

ယခုနှစ်အတွက် အပြင်းထန်ဆုံး တိုင်ဖုန်းမုန်တိုင်း မီရန်တီ ထိုင်ဝမ်သို့ ၀င်ရောက်

ယခုနှစ်အတွက် အပြင်းထန်ဆုံးတိုင်ဖုန်းမုန်တိုင်း မီရန်တီသည် ထိုင်ဝမ်သို့ ဗုဒ္ဓဟူးနေ့တွင် ကျွန်းတောင်ပိုင်းမှ စတင်ကာ ၀င်ရောက်တိုက်ခတ်ခဲ့ပြီး အိမ်ခြေ ၁ သိန်း ၈ သောင်းကျော် လျှပ်စစ်ဓါတ်အားပြတ်တောက် လျှက်ရှိကြောင်း သိရသည်။

14370132_1252653781432284_170289376097931313_n

(more…)


မလေးရှား ရေနံတင်သင်္ဘောအား ပြန်ပေးဆွဲသည့် အင်ဒိုနီးရှား ပင်လယ်ဓားပြများကို ဗီယက်နမ်က နိုင်ငံလွှဲပြောင်းပေး

malaysia_1

ဟနွိုင်း၊ စက်တင်ဘာ ၁၄

မလေးရှား ရေနံတင် သင်္ဘောအား ပြန်ပေးဆွဲမှုဖြင့် သံသယရှိသည့် အင်ဒိုနီးရှား ပင်လယ်ဓားပြ ရှစ်ဦးအား ပြီးခဲ့သည့် နှစ်က ဖမ်းဆီးမိထားရမှ ဗီယက်နမ်နိုင်ငံသည် မလေးရှားသို့ တရားခံများလွှဲပြောင်းပေးရန် သဘောတူလိုက်သည်။

၎င်းတို့ရှစ်ဦးသည် ၂၀၁၅ ဇွန်လအတွင်းက ဗီယက်နမ် အနောက်တောင်ပိုင်းရှိ တိုချုကျွန်းပေါ်သို့ အသက်လှေ တစ်စင်းဖြင့် ရေမျော သောင်တင်လာခြင်းဖြစ်ပြီး ပင်လယ်တွင် မတော်တဆမှု ကြုံတွေ့လာခြင်း   ဖြစ်သည်ဟု ပြောကြသည်။