ကုလကောင်စီ၌ ဆီးရီးယားအရေး အမေရိကန်နှင့် ဗြိတိန်တို့၏ ပြစ်တင်ကြိမ်းမောင်းခံရပြီးနောက် ရုရှ ဒေါသတစ်ကြီး ပြန်လည်တုန့်ပြန်

14508639_1246245732066241_1779653278_n

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၌ ဆီးရီးယားအရေးနှင့်ပတ်သက်၍ မိမိတို့နိုင်ငံအပေါ် အမေရိကန်နှင့်ဗြိတိန်တို့ သုံးနှုန်းသွားသော ပြစ်တင်ပြောစကားများမှာ လက်သင့်ခံနိုင်စရာ အကြောင်းမရှိဟု ရုရှက ပြန်လည်တုန့်ပြန် ဝေဖန်သွားသည်။

ယင်းအစည်းအဝေးတွင် ဆီးရီးယားအရေးနှင့်ပတ်သက်၍ အမေရိကန်နှင့် ဗြိတိန်တို့က ရုရှကို အရိုင်းအစိုင်းဟု ခိုင်းနှိုင်းသုံးနှုန်းကာ ၀ိုင်းဝန်းကြိမ်းမောင်းခဲ့ကြသည့် အပေါ် ရုရှက ပြန်လည် တုန့်ပြန်ခဲ့ခြင်းဖြစ်သည်။

တရုတ်လေဆိပ်တစ်ခုမှာ စက်ရုပ် ‘Anbot’ တွေကို ကင်းလှည့်ဖို့ စတင် အသုံးပြု

14502092_1246245628732918_2013585504_n

နိုင်ငံရဲ့အဝင်အထွက် အများဆုံးလေဆိပ်ထဲက တစ်ခုဖြစ်တဲ့ တရုတ်နိုင်ငံတောင်ပိုင်းရှိ ရှန်ကျန်း အပြည်ပြည် ဆိုင်ရာ လေဆိပ်မှာ ကင်းလှည့်ဖို့ စက်ရုပ်တွေကို ထားရှိလိုက်ပြီဖြစ်ကြောင်း သိရပါတယ်။

တရုတ်နိုင်ငံက ပထမဦးဆုံး အများပြည်သူရှေ့ စက်ရုပ်တွေကို ချပြတာလည်းဖြစ်ပါတယ်။

မြောက်ကိုရီးယားအတွက် ငွေခ၀ါချပေးမှုနှင့် တရုတ်ကုမ္ပဏီကို ကန် ဒဏ်ခတ်

14470850_1246245585399589_677831293_n

မြောက်ကိုရီးယားရဲ့ နျူကလီးယားလက်နက် အစီအစဉ်လုပ်ဆောင်ခဲ့သည့် နေရာပြမြေပုံ

မြောက်ကိုရီးယားရဲ့ နျူကလီးယားလက်နက် အစီအစဉ်ကို ကူညီထောက်ပံ့မှုပြုလုပ်ခဲ့တဲ့ တရုတ်ကုမ္ပဏီတခုကို ရာဇ၀တ်မှုနဲ့ အရေးယူလိုက်ပြီး စီးပွားရေး ဒဏ်ခတ်အရေးမှုတွေ ချမှတ်လိုက်ကြောင်း အမေရိကန် ပြည်ထောင်စုက ကြေညာပါတယ်။

ထိုင်ဝမ်ကို တိုင်ဖွန်းမီဂီ ယနေ့ ဝင်ရောက်တိုက်ခတ်မည်

14470750_1246245902066224_763812729_n

ထိုင်ဝမ်ကို သီတင်းနှစ်ပတ်အတွင်း တတိယမြောက် တိုင်ဖွန်းမုန်တိုင်း ယနေ့ (စက်တင်ဘာ ၂၇ ရက်) ဝင်ရောက် မှာ ဖြစ်တာကြောင့် လေယာဉ်နဲ့ ရထားခရီးစဉ်များ ဖျက်သိမ်းထားပြီး လုပ်ငန်းများနဲ့ ကျောင်းများလည်း ပိတ်ထား ကြောင်း သိရပါတယ်။

ထို့အတူ ထိုင်ဝမ်ငွေကြေးဈေးကွက်ကိုလည်း ပိတ်ထားကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ တိုင်ဖွန်း မုန်တိုင်း မီဂီက ထိုင်ဝမ်အရှေ့ဘက် ကမ်းရိုးတန်းဒေသကို ယနေ့ မွန်းလွဲပိုင်းမှာ ဝင်ရောက်တိုက်ခတ်မယ်လို့ ခန့်မှန်းထားပါတယ်။

တရုတ် ၊ ရုရှား နိုင်ငံများနှင့် ကုန်သွယ်ရေး တံခါးဖွင့်ရန် ဖိလစ်ပိုင်သမ္မတ ဒူတာတေး ကတိပြု

14508680_1246245588732922_1161408350_n

ဖိလစ်ပိုင်နိုင်ငံသမ္မတ ဒူတာတေးက“ကျွန်ုပ် နှင့် အမေရိကန်ကြားက နယ်နိမိတ်မျဉ်းကိုဖြတ်ကျော်၍” ဟူသော ကြွေးကြော်သံဖြင့် ဖိလစ်ပိုင်နိုင်ငံသည် ကုန်သွယ်ရေး လမ်းကြောင်းအားလုံးကို တံခါးဖွင့်ပြီး တရုတ်၊ ရုရှားနိုင်ငံ များနှင့် ကူးလူးဆက်ဆံမှုများပြုလုပ်သွားမည်ဖြစ်ကြောင်း စက်တင်ဘာလ ၂၆ ရက်က ထုတ်ဖော်ပြောကြား လိုက်သည်။

ကတ်ရှ်မီးယားပိုင်ဆိုင်ရေးအိပ်မက်ကို စွန့်လွှတ်ရန် ပါကစ္စတန်ကို အိန္ဒိယပြော

14470802_1246245708732910_1061185510_n

နယူးယောက် စက်တင်ဘာ ၂၇

အိန္ဒိယနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဆူရှာမာဆာရာဝက်က ပါကစ္စတန်နိုင်ငံသည် အကြမ်းဖက်ဝါဒနိုင်ငံဟု စွပ်စွဲ လိုက်ပြီး အငြင်းပွား ကတ်ရှ်မီးယားနယ်မြေ ပိုင်ဆိုင်မှု ထိန်းချုပ်ခွင့်ကို လက်လျှော့မည်မဟုတ်ကြောင်း ကုလသမဂ္ဂ အထွေထွေညီလာခံတွင် စက်တင်ဘာ (၂၆) ၌ မိန့်ခွန်းပြောကြားခဲ့သည်။

ပါကစ္စတန်အခြေစိုက် စစ်သွေးကြွများကို အပြစ်တင်ခဲ့သည့် ကတ်ရှ်မီးယားရှိ အိန္ဒိယစစ်အခြေစိုက်စခန်း တိုက်ခိုက်ခံရမှုကြောင့် ကာလကြာရှည်တင်းမာမှုများကို အရှိန်မြှင့်ခဲ့သည်။

ဆီးရီးယားရှိ အလက်ပိုမြို့တွင် လေကြောင်းမှပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည့်အတွက် ကုလသမဂ္ဂတွင် ရုရှားကို အပြစ်တင်

14483420_1245415762149238_316904661_n

နယူးယောက် စက်တင်ဘာ ၂၆

ငါးနှစ်ကျော်ကြာဖြစ်ပွားနေသော စစ်ပွဲအတွင်း အကြီးမားဆုံးဗုံးကြဲတိုက်ခိုက်မှုအဖြစ် ဆီးရီးယားနှင့် ရုရှားစစ် လေယာဉ်များသည် အလက်ပိုမြို့ကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အခြေအနေများ ဆိုးရွားသွားခဲ့သည့်အတွက် တနင်္ဂနွေ နေ့တွင် ကုလသမဂ္ဂ၌ ရုရှားကို ဗြိတိန်၊ ပြင်သစ် နှင့် အမေရိကန်နိုင်ငံတို့က ပြင်းထန်စွာ ရှုတ်ချခဲ့ကြသည်။

မူးယစ်ဆေးဝါးစစ်ပွဲတွင် ကမ္ဘာက ဝင်မစွက်ဖက်ရန် ဖိလစ်ပိုင်ပြော

14459019_1245415788815902_1997326126_n

ဖိလစ်ပိုင်နိုင်ငံခြားရေး ဝန်ကြီး ပါဖက်တိုယာဆေး

 

ဖိလစ်ပိုင်သမ္မတ ဒူတာတေး၏ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး စစ်ဆင်ရေးအပေါ် ဝေဖန်မှုများအား တုံ့ပြန်သည့် အနေဖြင့် ကုလသမဂ္ဂအနေဖြင့် ဝင်ရောက် စွက်ဖက်ခြင်း မပြုရန် စက်တင်ဘာ ၂၄ ရက်က ဖိလစ်ပိုင်နိုင်ငံခြားရေး ဝန်ကြီး ပါဖက်တိုယာဆေး (Perfecto Yasay) က ပြောသည်။

ပထမဆုံးသော လေကြောင်းပြပွဲ ပြုံယမ်း၌ ကျင်းပ

14463765_1245415618815919_1562054717_n

မြောက်ကိုရီးယားနိုင်ငံက ပထမဆုံးသော လေကြောင်းပြပွဲ ( Wonsan International Friendship Air Festival) ကို ဝန်ဆန်မြို့ရှိ ပြန်လည်မွမ်းမံထားသော ကယ်လ်မာနိုင်ငံတကာလေဆိပ်တွင် စက်တင်ဘာ ၂၄ ရက်က ကျင်းပ ခဲ့ကြောင်း သတင်းများအရ သိရသည်။

အမေရိကန်၌ လူမျိုးရေး မငြိမ်သက်မှုဖြစ်နေစဉ် အာဖရိကန်-အမေရိကန် ပြတိုက်သစ်ကြီးကို အိုဘားမား ဖွင့်လှစ်

14454609_1245415625482585_134108672_n

အမေရိကန်၌ လူမည်းများ၏ ဒုက္ခခံစားခဲ့ရမှုများနှင့် အောင်မြင်မှုများအတွက် ရည်စူးထားသည့် ကာလရှည်ကြာစွာ မျှော်လင့်ခဲ့ရသော အာဖရိကန်-အမေရိကန် အမျိုးသားသမိုင်းနှင့် ယဉ်ကျေးမှုပြတိုက်ကို စက်တင်ဘာ ၂၄ ရက်က ဖွင့်လှစ်ခဲ့ပြီး အမေရိကန်သမ္မတ ဘာရက်အိုဘားမားက ယင်းပြတိုက်ဖွင့်လှစ်မှုကို ကြိုဆို ဂုဏ်ပြုခဲ့သည်။