ဒဂုံ​မြောက်​ ပြည်​ခိုင်​ဖြိုးပါတီမှ အမျိုးသမီးနှီး​နှောဖလှယ်​ပွဲအတွက်​ ပါတီဝင်​အမျိုးသမီးများအား​တွေ့ဆုံ

 

ရန်​ကုန်​ စက်​တင်​ဘာ ၁၁

ရန်​ကုန်​တိုင်း​ဒေသကြီး ၊ဒဂုံမြို့သစ်​ ​မြောက်​ပိုင်းမြို့နယ်​၊ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ ဖွံ့ဖြိုး​ရေးပါတီမှ ပြုလုပ်​မည့်​ အမျိုးသမီးနှီး​နှောဖလှယ်​ပွဲအတွက်​ ယ​နေ့ ​နေ့လည်​ ၂ နာရီက အမှတ်​ (၅၀) ရပ်​ကွက်​ရှိ ရပ်​ကွက်​ပါတီ​ကော်​မတီဝင်​များနှင့်​ အမျိုးသမီးအဖွဲ့ဝင်​များအား ကွင်းဆင်း​တွေ့ဆုံခဲ့ပါသည်​။
အဆိုပါ​တွေ့ဆုံပွဲတွင်​ ဒဂုံ​မြောက်​ပြည်​ခိုင်​ဖြိုးပါတီ အမျိုးသမီး​ရေးရာတာဝန်​ခံ ​ဒေါ်ဝင်းဝင်း​အောင်​မှ မိမိပါတီတွင်​ မကြာမီပြုလုပ်​မည့်​ အမျိုးသမီးညီလာခံနှင့်​ မြို့နယ်​ တွင်​ အရင်​ပြုလုပ်​မည့်​ အကြိုနှီး​နှောဖလှယ်​ပွဲပြုလုပ်​မည့်​လုပ်​ငန်းစဉ်​များနှင့်​ အမျိုးသမီးကူညီ​စောင့်​​ရှောက်​​ရေးအဖွဲ့၏ လုပ်​​ဆောင်​ချက်​များအား ပါတီဝင်​အမျိုးသမီးများအား အကျယ်​တဝင့်​​ရှင်းလင်း​ပြောကြားပြီး စည်းရုံး​ရေးရာတာဝန်​ခံ မြို့နယ်​ ပါတီ​ကော်​မတီဝင်​ ​ဒေါ်တင်​တင်​​အေးမှလည်း ပါတီဝင်​သစ်​များ​မေးမြန်းသမျှအား ရှင်းလင်း​ပြောကြားခဲ့ပါသည်​။တက်​​ရောက်​လာ​သော အမျိုးသမီးပါတီဝင်​များမှ မရှင်းလင်းသည်​များအား​မေးမြန်းခဲ့ပြီး အဆိုပါ​တွေ့ဆုံပွဲကို ည​နေ ၄နာရီ အထိ ပြုလုပ်​ခဲ့​ကြောင်း သိရှိရပါသည်​။

ဗဟိုအမျိုးသမီးညီလာခံအား ကြိုဆိုဂုဏ်ပြု

 

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအမျိုးသမီးညီလာခံအား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရန်ကုန်တောင်ပိုင်းခရိုင် အမျိုးသမီးရေးရာတာဝန်ခံ ဒေါ်အေးအေးမြင့်၊ တောင်ပိုင်းခရိုင် မြို့နယ်အမျိုးသမီးရေးရာ တာဝန်ခံများ စုပေါင်း၍ ယနေ့ နေလည် ၁၁ နာရီအချိန်က သန်လျင်မြို့နယ် ဇမ္ဗူသီရိချမ်းမြေ့မေတ္တာကျောင်းရှိ သီလရှင် (၁၁၈) တို့အား ဆွမ်းဆန်အိတ် ၃ အိတ်၊ ဗလာစာအုပ် ဒါဇင် (၅၀)၊ ဘောလ်ပင် (၁၀)ဗူး၊ ခဲတံ (၁၀)ဗူး၊ တစ်ခါသုံး ခေါင်းရိတ်ဓား (၇)ဗူး၊ စုစုပေါင်းတန်ဘိုးငွေ ၃၁၀၀၀၀ိ/ သုံးသိန်းတစ်သောင်းကျပ်တိတိအား သွားရောက်၍ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
အဆိုပါ လှူဒါန်းပွဲ အခမ်းအနားသို့ ခရိုင်ပါတီဥက္ကဋ္ဌ ဦးလွင်ဦးနှင့် ခရိုင်ကော်မတီဝင်များ မြို့နယ်ဥက္ကဋ္ဌများ တောင်ပိုင်းခရိုင် အမျိုးသမီးရေးရာ ကော်မတီဝင်များ စုစုပေါင်း အင်အား (၇၀) ခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
WMO

သစ်သီးနှင့်ပန်းအလှပြင် သင်တန်းဆင်းပွဲကျင်းပ

 

ရန်ကုန် စက်တင်ဘာ ၁ဝ

မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီက အမျိုးသမီးညီလာခံ ကို ကြိုဆိုထောက်ခံသောအားဖြင့် သစ်သီးနှင့်ပန်းအလှပြင်သင်တန်း ကို ဖွင့်လှစ်ခဲ့သည်။ ယင်းနောက် သင်တန်းဆင်းပွဲကို ယမန်နေ့ညနေ ၄နာရီကကူးတို့ဆိပ်ရပ်ကွက်ခေမာ သီဝံကျောင်းတိုက်တွင် ပြုလုပ် ခဲ့သည်။

ရန်ကုန်တိုင်းပြည်ခိုင်ဖြိုးအမျိုးသမီးရေးရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

 

ရန်ကုန် စက်တင်ဘာ ၁ဝ

ရန်ကုန်တိုင်းဒေသကြီး ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ အမျိုးသမီးရေးရာကော်မတီ တာဝန်ခံများ၊ ဗဟိုအမျိုးသမီး ညီလာခံကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၁ နာရီက ရန်ကုန် တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ ကော်မတီရုံးတွင် ကျင်းပသည်။
အဆိုပါညှိနှိုင်း အစည်းအဝေး သို့ ရန်ကုန်တိုင်းဒေသကြီးပြည်ခိုင် ဖြိုးပါတီမှဗဟိုကော်မတီဝင်ရန်ကုန် တိုင်းအမျိုးသမီးရေးရာတာဝန်ခံ ဒေါ်စန်းစန်းဝင်းနှင့် တိုင်းပါတီ ကော်မတီဝင်များခရိုင်နှင့် မြို့နယ် ပါတီအမျိုးသမီးရေးရာတာဝန်ခံ များ တက်ရောက်ကြသည်။

ပြည်ခိုင်ဖြိုးပါတီ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း

 

ရန်ကုန် စက်တင်ဘာ ၉

ရန်ကုန်တိုင်းဒေသကြီးမြောက် ပိုင်းခရိုင် လှိုင်သာယာမြို့နယ် (၁၈) ရပ်ကွက် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီ၏ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို ယမန်နေ့ နံနက် ၁ဝ နာရီက (၁၈)ရပ်ကွက် ပြည်ခိုင်ဖြိုးပါတီရုံးခန်းမ၌ကျင်းပ ရာ ကံလှ(၁၁) မီးငြိမ်းဆရာတော် နှင့်ရွှေရင်အေးကျောင်းတိုက် ဆရာ တော်၊ မင်္ဂလာသီရိအုန်းတောဆရာ တော်၊ ကံလှ (၁၁) မီးငြိမ်းဆရာ တော်ထံမှရှစ်ပါးသီလခံယူဆောက် တည်ကာ ဝါဆိုသင်္ကန်း၊ နေ့ဆွမ်း နှင့် လှူဖွယ်ဝတ္ထုပစ္စည်များကို ဆက်ကပ်လှူဒါန်းပြီး လှူဒါန်းမှု အစုစုကို ရေစက်သွန်းချ အမျှ ပေးဝေခဲ့ကြသည်။

ဒဂုံ​မြောက်​ပိုင်း ပြည်​ခိုင်​ဖြိုးပါတီ၊ အမျိုးသမီး​ရေးရာအဖွဲ့ ဝတ်​ရွတ်​ပူ​ဇော်

 

ရန်​ကုန်​ စက်​တင်​ဘာ ၈။

ဒဂုံမြို့သစ်​ ​မြောက်​ပိုင်းမြို့နယ်​၊ပြည်​​ထောင်​စုကြံခိုင်​​ရေးနှင့်​ ဖွုံ့ဖြိုး​ရေးပါတီ၊ အမျိုးသမီး​ရေးရာ ဝတ်​အဖွဲ့သည်​ ယ​နေ့​နေ့လည်​ ၁ နာရီက မြို့နယ်​ ပါတီရုံးတွင်​ ဘုရားရှင်​အား မဟာပဌာန်းမြတ်​ဖြင့်​ ဝတ်​ရွတ်​ပူ​ဇော်ခဲ့ကြပါသည်​။အဆိုပါ အမျိုးသမီးဝတ်​အဖွဲ့သည်​ ဝါတွင်းကာလပတ်​လုံးတွင်​ အပတ်​စဉ်​ အဖိတ်​​နေ့တိုင်း မပျက်​မကွက်​ ဝတ်​ရွတ်​ပူ​ဇော်​ကြပါသည်​။
မြို့နယ်​ ပါတီ​ကော်​မတီဝင်​ ဘဏ္ဍာ​ရေးမှူး ​ဒေါ်ဝင်းဝင်း​အောင်​မှ ဦး​ဆောင်​၍ မြို့နယ်​ပါတီ​ကော်​မတီဝင်​ ​ဒေါ်မာလာရည်​လွင်​၊ မြို့နယ်​ ပါတီ​ကော်​မတီဝင်​ ​ဒေါ်တင်​တင်​​အေးနှင့်​ ရပ်​ကွက်​ပါတီဥက္ကဌများ၊ ​ကော်​မတီဝင်​အမျိုးသမီးများနှင့်​ပါတီဝင်​အမျိုးသမီးများ၊ပါတီဝင်​လူငယ်​အမျိုးသမီး​လေးများပါတက်​​ရောက်​ ပူ​ဇော်​ခဲ့​ကြ​ကြောင်းသိရှိရပါသည်​။

သင်္ဃန်းကျွန်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရှေ့လုပ်ငန်းစဉ်များ ညှိနှိုင်းဆွေးနွေးပွဲကျင်းပ

 

ရန်ကုန် စက်တင်ဘာ ၆

ရန်ကုန်တိုင်းဒေသကြီး အရှေ့ ပိုင်းခရိုင် သင်္ဃန်းကျွန်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီ ရှေ့လုပ်ငန်းစဉ်များ ညှိ နှိုင်းဆွေးနွေးပွဲကို မြို့နယ်ပြည်ခိုင် ဖြိုးပါတီ အစည်းအဝေးခန်းမ၌ ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲက ကျင်းပခဲ့သည်။

မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အခြေခံစက်ချုပ်သင်တန်းဆင်းပွဲကျင်းပ

 

ရန်ကုန် စက်တင်ဘာ ၆

ရန်ကုန်တိုင်းဒေသကြီးမင်္ဂလာ တောင်ညွန့်မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက အခြေခံစက်ချုပ်သင်တန်းအမှတ်စဉ် (၄/၂ဝ၁၈)ဆင်းပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီတွင် ကူးတို့ဆိပ်ရပ်ကွက် ခေမာသီဝံ ဘုန်းကြီးကျောင်းတွင် ပြုလုပ်ခဲ့ သည်။
ယင်းအခမ်းအနားတွင် ပြည် ခိုင်ဖြိုးပါတီဗဟိုကော်မတီဝင် ဒေါ် စန်းစန်းဝင်းက အမှာစကားချီးမြှင့် ပေးခဲ့သည်။ ဆက်လက်၍ မင်္ဂလာ တောင်ညွန့်မြို့နယ် ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌဦးဝင်းလှိုင်ကသင်တန်း ဆင်းအမှာစကားပြောကြားခဲ့သည်။

စမ်းချောင်းမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ကလေးများဖွံ့ဖြိုးမှုမှန်ကန်ရေးအသိပညာပေးဟောပြော

 

ရန်ကုန် စက်တင်ဘာ ၆

ရန်ကုန်တိုင်းဒေသကြီး စမ်းချောင်းမြို့နယ်ပြည်ခိုင်ဖြိုးပါတီကော်မတီရုံးတွင် ယမန်နေ့ နံနက် ၁ဝ နာရီက အမျိုးသမီးညီလာခံအကြိုကလေးများဖွံ့ဖြိုးမှုမှန်ကန်ကောင်းမွန်စေရေး အသိပညာပေး ဟောပြောပွဲကျင်းပကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ ပြည်ခိုင်ဖြိုးပါတီဗဟိုကော်မတီဝင် ရန်ကုန်အနောက်ပိုင်းခရိုင်တာဝန်ခံ ဒေါ်သင်းသင်းမိုး၊ ခရိုင်ပါတီကော်မတီဝင် ဒေါ်အိအိလှိုင်၊ ဒေါ်စန်းစန်းဝင်း(၁)၊ဒေါ်စန်းစန်းဝင်း(၂)၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးဌေးအောင်၊ စိတ်ပညာပါမောက္ခ(ငြိမ်း) ဒေါ်သက်ထားဝင်းနှင့် စိတ်ပါ ဝင်စားသူ မိခင်များတက်ရောက်ကြသည်။