သင်္ဃန်းကျွန်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရှေ့လုပ်ငန်းစဉ်များ ညှိနှိုင်းဆွေးနွေးပွဲကျင်းပ

 

ရန်ကုန် စက်တင်ဘာ ၆

ရန်ကုန်တိုင်းဒေသကြီး အရှေ့ ပိုင်းခရိုင် သင်္ဃန်းကျွန်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီ ရှေ့လုပ်ငန်းစဉ်များ ညှိ နှိုင်းဆွေးနွေးပွဲကို မြို့နယ်ပြည်ခိုင် ဖြိုးပါတီ အစည်းအဝေးခန်းမ၌ ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲက ကျင်းပခဲ့သည်။

ရှေးဦးစွာ ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင်ရန်ကုန်တိုင်းဒေသ ကြီးပါတီကော်မတီဝင် ဦးတင် အောင်က အမှာစကားပြောကြား သည်။
ဆက်လက်၍ ဗဟိုကော်မတီ ဝင်တိုင်းပါတီကော်မတီဝင်ဒေါ်စန်း စန်းဝင်း၊ တိုင်းပါတီကော်မတီဝင် ဒေါက်တာကျော်စိုး၊ အရှေ့ပိုင်း ခရိုင်ပါတီဥက္ကဋ္ဌဦးစိန်မြင့်၊ အတွင်း ရေးမှူး ဒေါ်ဇာခြည်လင်းတို့က အသီးသီးဆွေးနွေးပြောကြားသည်။

ထို့နောက် အစည်းအဝေး တက်ရောက်လာကြသူ မြို့နယ် ပါတီကော်မတီဝင်များက မိမိတို့ ဆောင်ရွက်ထားရှိသော ပါတီလုပ် ငန်းများကို ဆွေးနွေးတင်ပြကြပြီး ရှေ့လုပ်ငန်းစဉ်များကို ညှိနှိုင်းဆွေး နွေးဆုံးဖြတ်ခဲ့သည်။
အစည်းအဝေးသို့ ပြည်ခိုင်ဖြိုး ပါတီ ဗဟိုကော်မတီဝင်တိုင်းပါတီ ကော်မတီဝင်များဖြစ်ကြသော ဦးတင်အောင်၊ ဒေါ်စန်းစန်းဝင်း၊ ဒေါက်တာကျော်စိုး၊ အရှေ့ပိုင်း ခရိုင်ပါတီဥက္ကဋ္ဌ ဦးစိန်မြင့်၊အတွင်း ရေးမှူး ဒေါ်ဇာခြည်လင်း၊ မြို့နယ် ပါတီကော်မတီဝင်များ စုံညီစွာ တက်ရောက်ခဲ့ကြပြီးအစည်းအဝေး ကို ညနေ ၄ နာရီတွင် ပြီးမြောက် ခဲ့ကြောင်း သိရသည်။

ကြည်သိန်း(သင်္ဃန်းကျွန်း)