ရန်ကုန်တိုင်းပြည်ခိုင်ဖြိုးအမျိုးသမီးရေးရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

 

ရန်ကုန် စက်တင်ဘာ ၁ဝ

ရန်ကုန်တိုင်းဒေသကြီး ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ အမျိုးသမီးရေးရာကော်မတီ တာဝန်ခံများ၊ ဗဟိုအမျိုးသမီး ညီလာခံကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၁ နာရီက ရန်ကုန် တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ ကော်မတီရုံးတွင် ကျင်းပသည်။
အဆိုပါညှိနှိုင်း အစည်းအဝေး သို့ ရန်ကုန်တိုင်းဒေသကြီးပြည်ခိုင် ဖြိုးပါတီမှဗဟိုကော်မတီဝင်ရန်ကုန် တိုင်းအမျိုးသမီးရေးရာတာဝန်ခံ ဒေါ်စန်းစန်းဝင်းနှင့် တိုင်းပါတီ ကော်မတီဝင်များခရိုင်နှင့် မြို့နယ် ပါတီအမျိုးသမီးရေးရာတာဝန်ခံ များ တက်ရောက်ကြသည်။

အစီအစဉ်အရ ပါတီဗဟို ကော်မတီဝင်ရန်ကုန်တိုင်း အမျိုး သမီးရေးရာတာဝန်ခံ ဒေါ်စန်းစန်း ဝင်းမှ တိုင်းနှင့်ဗဟိုအဆင့်အမျိုး သမီးညီလာခံပြုလုပ်နိုင်ရေးအတွက် လိုအပ်သည့် ဆောင်ရွက်မှုများ ပြုလုပ်နိုင်ရေးအတွက် စီစဉ်စရာ ရှိသည့်ကိစ္စများကို ပြုလုပ်နိုင်ရန် ရှင်းလင်းပြောကြားသည်။
ထို့နောက်ခရိုင်အမျိုးသမီးရေး ရာ တာဝန်ခံများနှင့် မြို့နယ်အမျိုး သမီးရေးရာတာဝန်ခံများမှ ခရိုင် နှင့် မြို့နယ်အလိုက်ဆောင်ရွက် ပြီးစီးမှုအခြေအနေများကို တင်ပြ ကြရာ တိုင်းအမျိုးသမီးရေးရာ တာဝန်ခံမှ လိုအပ်သည်များကို ဖြည့်စွက်မှာကြားပြီး လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ရုပ်သိမ်း ခဲ့ကြောင်း သိရသည်။

ထိန်ဝင်း(YGN)