ကျောင်းသားကျောင်းသူများအား အာဟာရနို့ဆန်ပြုတ်များတိုက်ကျွေး

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ သည် ကျောင်းသားကျောင်းသူများအား အာဟာရတိုက်ကျွေးလျက်ရှိရာ မြို့နယ်ကော်မတီဝင်များနှင့် အရန်ကော်မတီဝင်များသည် စက်တင်ဘာလ (၁၂) ရက် နံနက် ၁ဝ နာရီတွင် ရှားခဲတိုက်နယ်၊ ပိတောက်ကုန်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)မှ ကျောင်းသား ကျောင်းသူ ၁၉၁ဦးတို့အား နို့ဆန်ပြုတ်များဖြင့် အာဟာရတိုက်ကျွေးခဲ့ပြီး နံနက် ၁၁ နာရီတွင် လယ်တီကုန်း ကျေးရွာ အခြေခံပညာမူလတန်း ကျောင်းမှ ကျောင်းသားကျောင်းသူ ၄၃ ဦးတို့ကို နို့ဆန်ပြုတ်များ ဖြင့် အာဟာရတိုက်ကျွေးခဲ့သည်။

ရာဇသင်္ဂဟဖောင်ဒေးရှင်းကိုယ်စား မန္တလေးခရိုင်အတွင်းရှိ သက်ကြီးဘိုးဘွားများအား မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌက အိမ်တိုင်ရာရောက် ပူဇော်ကန်တော့

အဂ္ဂမဟာသရေစည်သူ၊ အဂ္ဂမဟာသီရိသုဓမ္မ ဦးသိန်းစိန် (နိုင်ငံတော်သမ္မတ-ငြိမ်း)နာယက အဖြစ် ဦးဆောင်တည်ထောင်ထားသည့် ရာဇသင်္ဂဟဖောင်ဒေးရှင်းမှ မန္တလေးခရိုင်အတွင်း နေထိုင်လျက်ရှိသော အသက် ၁ဝဝ ကျော် ဘိုးဘွားခုနစ်ဦးတို့အား ယမန်နေ့ မွန်းလွဲ ၃နာရီမှ ညနေ ၅ နာရီအထိ မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးဝင်းမောင်နှင့် အဖွဲ့မှ အိမ်တိုင်ရာရောက် ပူဇော်ကန်တော့ခဲ့ကြသည်။

14322615_647253815444133_6923204803569051756_n

(more…)


ဗဟိုအလုပ်မှုဆောင်၊ ပြည်နယ်ပါတီဥက္ကဋ္ဌနှင့် ဗဟိုကော်မတီဝင်တို့ မော်လမြိုင်မြို့နယ် ပါတီကော်မတီဝင်များနှင့် ရပ်/ကျေးစည်းမှူးများအား တွေ့ဆုံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်မှုဆောင်၊ မွန်ပြည်နယ် ပါတီဥက္ကဌ ဦးအောင်ကြည်သိန်း၊ ဗဟို ကော်မတီဝင် ပြည်နယ်ပါတီ အတွင်းရေးမှူး ဦးဝင်မော်ဦးတို့သည် စက်တင်ဘာ(၁၁)ရက် နေ့လည် (၁၁) နာရီ အချိန်က မော်လမြိုင်မြို့နယ်ပါတီရုံး အစည်းအဝေးခန်းမ၌ မြို့နယ်ပါတီ ကော်မတီဝင်များ၊ ရပ်/ကျေးစည်းမှူးများအား တွေ့ဆုံခဲ့သည်။

ဗဟိုကော်မတီဝင်နှင့်အဖွဲ့ တာလေမြို့နယ် ကျေးရွာများသို့ ကွင်းဆင်း

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင်၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပြည်နယ်ပါတီကော်မတီဝင် ဦးဝီလ်ဆင်မိုးနှင့် ခရိုင်ပါတီဥက္ကဋ္ဌ ဦးဘိုစံ၊ ခရိုင်ဘဏ္ဍာရေးမှူး ဦးဝေယံဦး၊ ခရိုင်ကော်မတီဝင် ဒေါ်နန်းဝိုးလှိုင်၊ ဦးစိုင်းလုံထီး၊ ဦးကျဒေါလော်၊ ဦးခင်မောင်လတ်၊ မြို့နယ်ပါတီကော်မတီဝင် ဦးစိုးကျော်အောင်၊ ဦးအောင်ထန်နှင့် ပါတီ စည်းရုံးရေးမှူး အင်အား(၂၀)ဦးတို့သည် စက်တင်ဘာ (၉) ရက်နေ့က တာချီလိတ်ခရိုင်၊ တာလေမြို့နယ်နှင့် မိုင်းကိုးအုပ်စု မယ်ဖုံးလုံရွာသို့ ကွင်းဆင်းသွားရောက်ခဲ့သည်။

သီပေါမြို့နယ် ပြည်ခိုင်ဖြိုးပါတီ မြို့နယ် /ရပ်ကျေး မျက်နှာစုံညီ ပုံမှန် အစည်း အဝေး ကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင် သီပေါမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မြို့နယ်ပါတီကော်မတီဝင်များနှင့် ရပ်/ကျေး စည်းမှူးများ ဆွေးနွေးညှိနှိုင်းပွဲကို စက်တင်ဘာလ (၁၀) ရက်နေ့ နံနက် (၉း၃၀) တွင် သီပေါမြို့ ပန်းတိမ်မြောက်ရပ်ကွက်ရှိ မြို့နယ်ပါတီရုံး အစည်း အဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်မှုဆောင်နှင့် ဗဟိုကော်မတီဝင်တို့မှ ပေါင်မြို့နယ် ပါတီကော်မတီဝင်များနှင့် ရပ်/ကျေး စည်းမှူးများအား တွေ့ဆုံ

မွန်ပြည်နယ် ပေါင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး အစည်းအဝေးခန်းမ၌ စက်တင်ဘာ (၁၀) ရက် နေ့လည် (၁၁) နာရီအချိန်က ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်မှုဆောင် မွန်ပြည်နယ် ပါတီဥက္ကဌ ဦးအောင်ကြည်သိန်း၊ ဗဟိုကော်မတီဝင် ပြည်နယ်ပါတီ အတွင်း ရေးမှူး ဦးဝင်မော်ဦးတို့မှ မြို့နယ်ပါတီ ကော်မတီဝင်များနှင့် ရပ်/ကျေးစည်းမှူး များအား တွေ့ဆုံခဲ့သည်။

ပရဟိတစိတ်ဓာတ်ကို အခြေခံပြီး စုပေါင်းညီညွတ်မှုဖြင့် အောင်မြင်မှုရရှိအောင် ဆောင်ရွက် သွားကြရန် ပါတီဥက္ကဋ္ဌ ဦးသန်းဌေး ပါတီဝင်များအား မှာကြား

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့် ဗဟိုအလုပ်အမှုဆောင် များဖြစ်ကြသော ဦးစိုးနိုင်၊ ဦးမြင့်စိုး၊ ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်း၊ စစ်ကိုင်းတိုင်း ဒေသကြီး ပါတီဥက္ကဋ္ဌ ဒေါက်တာမြင့်သိန်းတို့သည် စက်တင်ဘာ (၉) ရက်နေ့ နံနက် ၉ နာရီခွဲမှ ၁၁ နာရီ ၄၅ မိနစ်အထိ စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းရှိ ခရိုင်သုံးခရိုင်နှင့် မြို့နယ် ၁၁ မြို့နယ်မှ ပါတီဝင် ၄၅ဝ ခန့်နှင့် ရင်းနှီးပွင့်လင်းစွာ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

ဇီးကုန်းမြို့နယ်တွင် ဒုတိယအကြိမ် ပါတီညီလာခံ အတွေ့အကြုံ ရှင်းလင်းပွဲနှင့် တာဝန်ပေးအပ်ပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ဇီးကုန်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီရုံး ခန်းမဆောင်တွင် စက်တင်ဘာလ (၁၀) ရက် နံနက် ၉ နာရီက ဒုတိယအကြိမ် ပါတီညီလာခံ အတွေ့အကြုံ ရှင်းလင်းပွဲ၊ လစဉ်ပါတီပုံမှန်အစည်းအဝေး နှင့် ပါတီဝင်များကို တာဝန် ပေးအပ်ပွဲ ကျင်းပခဲ့သည်။

ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီကော်မတီဝင်များ တွေ့ဆုံ

ကယားပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ကြီးမှူး၍ ဘောလခဲခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကော်မတီဝင်များ တွေ့ဆုံပွဲကို ယခုလ ၇ ရက်က ဘောလခဲခရိုင်ပါတီ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

ယင်းတွေ့ဆုံပွဲတွင် သဘာပတိအဖွဲ့အဖြစ် ဗဟိုကော်မတီဝင်များဖြစ်ကြသော ဦးကျော်သန်း၊ ဦးအေးမောင်နှင့် ဦးစိုင်းသာစိန်တို့က ဆောင်ရွက်ပြီး ဗဟိုကော်မတီဝင်များ၊ ပြည်နယ်ပါတီ ကော်မတီဝင်များ၊ ဘောလခဲခရိုင်ပါတီကော်မတီဝင်များ၊ ဘောလခဲမြို့နယ်၊ ဖားဆောင်း မြို့နယ်နှင့် မယ်စဲ့မြို့နယ်ကော်မတီဝင်များ အသီးသီး တက်ရောက် ကြသည်။

ဗဟိုဦးဆောင်ကော်မတီဝင်ဦးဌေးဦး ရန်ကုန်တိုင်းဒေသကြီးပါတီ လုပ်ငန်းညှိနှိုင်းစည်းဝေး တက်ရောက် အမှာစကားပြောကြား

ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး အစည်းအဝေးခန်းမတွင် တိုင်း၊ ခရိုင်၊ မြို့နယ် ပါတီများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ၂ဝ၁၆ခုနှစ် စက်တင်ဘာ ၉ ရက် မွန်းလွဲ ၁ နာရီခွဲက ကျင်းပပြုလုပ်ရာ ဗဟိုဦးဆောင်ကော်မတီဝင် ဦးဌေးဦး၊ ရန်ကုန်တိုင်း ဒေသကြီး ပါတီအတွင်းရေးမှူး ဦးသာဝင်းနှင့် တိုင်းဒေသကြီး ပါတီကော်မတီဝင်များ၊ ခရိုင် နှင့် မြို့နယ်များမှ ပါတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ တက်ရောက်ကြသည်။