ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေး မန္တလေး၊ ပြင်ဦးလွင်နှင့် ကျောက်ဆည်ခရိုင် အတွင်းရှိမြို့နယ်ပေါင်း ၁၆ မြို့နယ်မှ တိုင်းဒေသကြီး ခရိုင် မြို့နယ်နှင့် ရပ်/ကျေးအဆင့် ပါ တီဝင်များနှင့် တွေ့ဆုံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌဦးသန်းဌေးသည် စက်တင်ဘာလ (၁၀) ရက် နံနက် ၉ နာရီက မန္တလေး၊ ပြင်ဦးလွင် နှင့် ကျောက်ဆည်ခရိုင်အတွင်းရှိ မြို့နယ်ပေါင်း ၁၆ မြို့နယ်များမှ တိုင်းဒေသကြီး၊ ခရိုင်၊မြို့နယ်နှင့်ရပ်/ကျေး အဆင့် ပါတီဝင်များနှင့် မန္တလေးတိုင်း ဒေသကြီး ပြည်ခိုင်ဖြိုးရုံး အစည်း အဝေးခန်းမ၌တွေ့ဆုံ၍ ပါတီရေးရာ ကိစ္စများအား သက်ဆိုင်ရာမြို့နယ်များ မှတင်ပြလာသောတင်ပြချက်ကို ဖြည့် စွက်ရှင်းလင်းမှာကြားခဲ့သည်။

မိမိတို့ပါတီဝင်များအနေဖြင့်ကိုယ်တိုင်အပင်ပန်းခံပြီး လူထုအတွက် နိုင်ငံတော်အတွက် အလုပ်လုပ်ကြရန် အချိန်တန်ပြီဟု ဥက္ကဋ္ဌဦးသန်းဌေး ပြည်ခိုင်ဖြိုးပါတီဝင်များအား မှာကြား

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးသည် စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင်ပါတီရုံး၌ ရွှေဘိုခရိုင်နှင့် ကသာခရိုင် မြို့နယ်များ ဖြစ်သည့် ရွှေဘိုမြို့နယ်၊ ဝက်လက်မြို့နယ်၊ ခင်ဦးမြို့နယ်၊ ဒီပဲယင်းမြို့နယ်၊ တန့်ဆည်မြို့နယ်၊ ကန့်ဘလူမြို့နယ်၊ ကျွန်းလှမြို့နယ်၊ ကသာမြို့နယ်၊ ထီးချိုင့်မြို့နယ်၊ အင်းတော်မြို့နယ်၊ ဗန်းမောက်မြို့နယ်၊ ကောလင်းမြို့နယ်၊ ဝန်းသို့မြို့နယ်နှင့် ပင်လည်ဘူးမြို့နယ်တို့မှ ပါတီဝင် အင်အား စုစုပေါင်း ၄ဝဝ ခန့်နှင့် စက်တင်ဘာ (၉) ရက်နေ့ မွန်းလွဲ ၃ နာရီခွဲမှ ညနေ ၅ နာရီခွဲအထိ ရင်းနှီးပွင့်လင်းစွာ တွေ့ဆုံဆွေးနွေးပွဲကို ကျင်းပခဲ့သည်။

ပဲခူးခရိုင်အတွင်းရှိ ပြည်ခိုင်ဖြိုးပါတီဝင်များတွေ့ဆုံပွဲ ပါတီဗဟိုအတိုင်ပင်ခံ ဦးဥာဏ်ဝင်း တက်ရောက် အမှာစကားပြောကြား

ပဲခူးခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး အစည်းအဝေးခန်းမ၌ ပဲခူးခရိုင် အတွင်းရှိ ပါတီဝင်များ တွေ့ဆုံပွဲ အခမ်းအနားကို စက်တင်ဘာလ (၁၀) ရက် နံနက် ၁ဝ နာရီက ကျင်းပသည်။

ယင်းအခမ်းအနားသို့ ပါတီဗဟိုအကြံပေး ပဲခူးတိုင်းဒေသကြီး ပါတီနာယက ဦးဥာဏ်ဝင်း၊ တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးစောမော်ထွန်း နှင့် တိုင်းဒေသကြီး ကော်မတီဝင်များ၊ ပဲခူးခရိုင်ပါတီဥက္ကဋ္ဌ ဦးအောင်စိုးနှင့် ခရိုင်ကော်မတီ ဝင်များ၊ ပဲခူးခရိုင်အတွင်းရှိ မြို့နယ်ရှစ်မြို့နယ်မှ မြို့နယ်ဥက္ကဋ္ဌများနှင့် ကော်မတီဝင်များ စုစုပေါင်းအင်အား ၁၅ဝ ခန့် တက်ရောက်ကြသည်။

ပြည်ခိုင်ဖြိုးပါတီဗဟိုဥက္ကဋ္ဌ ဦးသန်းဋ္ဌေး နှင့်အဖွဲ့ဝင်များ သည် မိတ္တီလာမြို့နယ် တော်ဝင်နန်း-ခန်းမတွင် မိထ္တီလာခရိုင်အတွင်းရှိ မိထ္တီလာ/မလှိုင်/ဝမ်းတွင်း/သာစည် နှင့် ရမည်းသင်းခရိုင်အတွင်းရှိ ရမည်းသင်း/ပျော်ဘွယ်မြို့နယ်တို့မှ ပါတီဝင်ထု အင်အား ၄၅၀ ဦးနှင့် ၁၀ ၉ ၂၀၁၆ ရက်နေ့ ညနေ ၃ နာရီ တွင် ရင်းရင်းနှီးနှီးတွေ့ဆုံဆွေးနွေးခဲ့ပါသည်။


ဘာသာတရား ရိုသေ ကိုင်းရှိုင်းသော ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးသန်းဌေး အနာဂတ် ဘာသာ သာသနာ အတွက် ယုံကြည်စွာ စိတ်ချလိုက်ပါ။


(၇၇) နှစ်မြောက် ဦးဥတ္တမနေ့အခမ်းအနားသို့ သံတွဲပြည်ခိုင်ဖြိုးပါတီ ကော်မတီဝင်များ တက်ရောက်ဂုဏ်ပြု

(၇၇)နှစ်မြောက် ဦးဥတ္တမနေ့အခမ်းအနားကို သံတွဲမြို့နယ်လေးမျက်နှာကုန်း သီရိမင်္ဂလာဓမ္မာရုံ၌ မဘသ ဆရာတော်များမှ ဦးဆောင်၍ကျင်းပပြုလုပ်ရာ သံတွဲမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး ဦးကြည်ရွှေမှ ကျင်းပရေးကော်မတီ အတွင်းရေးမှူးအဖြစ်တာဝန်ယူ၍ မြို့နယ်ပါတီဥက္ကဌ ဦးစန်းနိုင်နှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်/ကျေး ခေါင်းဆောင်များ(၅၄)ဦးမှ ရခိုင်စည်တော် လူငယ်အဖွဲ့ ဦးဆောင်၍ အခမ်းနားတက်ရောက်ပြီး ဥက္ကဌမှ သဝဏ်လွှာဖတ်ခြင်း ဂုဏ်ပြုပန်းခြင်း ဆက်ကပ်ခြင်းကို ဆောင်ရွက်ခဲ့သည်။

ရာဇသင်္ဂဟ ဖောင်ဒေးရှင်း ကိုယ်စားအသက်(၁၀၃)နှစ်အထက် အဘိုးအား ထောက်ပံ့လှူဒါန်း

နိုင်ငံတော်သမ္မတ (ငြိမ်း) အဂ္ဂမဟာ သရေစည်သူ အဂ္ဂမဟာ သီရီသုစမ္မ ဦးသိန်းစိန် တည်ထောင်ထားသည့် ရာဇသင်္ဂဟဖောင်ဒေးရှင်း မှ တစ်နိုင်ငံလုံးရှိ သက်ကြီး၊ ၀ါကြီးဂုဏ်ပြုခံ အဘိုး၊ အဖွားများအား အလှူငွေ များနှင့်အတူ လှူဒါန်းကန်တော့လျှက်ရှိသည်။

နိုင်ခြင်း ရှုံးခြင်းသည် အချိန်ကာလ တစ်ခုသာဖြစ်။ နိုင်ငံရေးလုပ်မည်ဆိုပါက ပရဟိတ စိတ်ဓါတ်ကို အခြေခံပြီးဆောင်ရွက်သွားကြရန် ပါတီဝင်များအားမှာကြာ

 

ယနေ့ ၉ ၉ ၂၀၁၆ ရက်နေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဦးသန်းဌေးနှင့် ပါတီလုပ်ငန်းစီစစ်ရေးကော်မတီ ဥက္ကဌ ဦးစိုးနိုင်၊ ဗဟိုအလုပ်အမှုဆောင် ဦးမြင့်စိုး၊ ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်း၊ စစ်ကိုင်းတိုင်း ပါတီဥက္ကဌ ဒေါက်တာမြင့်သိန်း တို့သည် စစ်ကိုင်းတိုင်းအတွင်းမှ ခရိုင် ၃ ခရိုင်၊ မြို့နယ် ၁၁ မြို့နယ်မှ ပါတီဝင်အင်အား ၄၅၀ ဦးအား နံနက် ၀၉၃၀ ချိန်မှ ၁၁၃၀ချိန်ထိ အပြန်အလှန် တွေ့ဆုံ ဆွေးနွေးမှုများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ပါသည်။

သံတွဲပြည်ခိုင်ဖြိုးပါတီကော်မတီဝင်များ ရှေ့လုပ်ငန်းစဉ်များ ဆွေးနွေး

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ လုပ်ငန်းညှိနှိုင်းအစည်းဝေးကို ယနေ့ (စက်တင်ဘာ ၉ ရက်) နံနက် (၈) နာရီအချိန်က မြို့နယ်ပါတီရုံး၌ ကျင်းပပြုလုပ်ရာ ပြည်နယ် ပါတီကော်မတီဝင် (မြို့နယ်တာဝန်ခံ)ဦးတင်မောင်သန်း၊ ခရိုင်ပါတီအတွင်းရေးမှူး ဒေါ်ဝင်းမင်းမာထွန်း၊ မြို့နယ်ပါတီ ဥက္ကဌဦးစန်းနိုင်၊ မြို့နယ်ပါတီအတွင်းရေးမှူး ဦးကြည်ရွှေ၊ ဘဏ္ဍာရေးမှူးဦးရဲမြင့်နှင့်မြို့နယ်ပါတီ ကော်မတီဝင်များ အရန်ပါတီ ကော်မတီဝင်များ ရပ်ကျေးခေါင်းဆောင်များ စုစုပေါင်း အင်အား (၅၄)ဦး တက်ရောက်၍ ရှေ့လုပ်ငန်းစဉ်များအား အကျယ်တဝင့်ရှင်းလင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့်အဖွဲ့ ညောင်ဦးခရိုင်နှင့် မြင်းခြံခရိုင် တွင်းရှိ မြို့နယ်ပါတီကော်မတီဝင် များအား တွေ့ဆုံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့်အဖွဲ့သည် ညောင်ဦးမြို့နယ်ပါတီရုံး၌ စက်တင် ဘာလ (၈) ရက် မွန်းလွဲ (၁) နာရီခွဲက မြင်းခြံခရိုင်နှင့် ညောင်ဦးခရိုင်အတွင်း မြို့နယ်ခြောက်မြို့နယ်ရှိ ခရိုင်နှင့် မြို့နယ်ပါတီဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ ကော်မတီဝင်များအား တွေ့ဆုံခဲ့သည်။

တွေ့ဆုံရာတွင် မြို့နယ်ဥက္ကဋ္ဌအသီးသီးမှ တင်ပြလာသော မြို့နယ်ပါတီ ရေးရာကိစ္စများကို မန္တလေးတိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးဝင်းမောင် ဖြည့်စွက်ရှင်းလင်းခဲ့ကာ ပါတီဥက္ကဋ္ဌ ဦးသန်းဌေးက လိုအပ်သည်များကို လမ်းညွှန် မှာကြားခဲ့သည်။